(၁၉) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲတွင် မြန်မာနိုင်ငံမှပါဝင်ပြသမည်

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ရှီး (ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့ တွင် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်မှ ၁၉ ရက်အထိ ကျင်းပပြုလုပ်မည့် (၁၉) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲ(The 19th China-ASEAN Expo) နှင့်စပ်လျဉ်း၍ ကြိုတင်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်တွင် Zoom Meeting ဖြင့် ကျင်းပပြုလုပ်ခဲ့ပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်၍ တာဝန်ရှိသူများနှင့် ပြပွဲသို့ ပါဝင်ပြသမည့် မြန်မာကုမ္ပဏီလုပ်ငန်းရှင်များ တက်ရောက်ခဲ့ပါသည်။

  • အဆိုပါပြပွဲတွင် မြန်မာနိုင်ငံမှ မြန်မာ့ထွက်ကုန်ပစ္စည်းများကို ပြခန်းပေါင်း (၃၀) ခန်း ပါဝင်ပြသမည်ဖြစ်ပြီး ကုန်စည်ပြခန်းများအပြင် တရုတ်-အာဆီယံကုန်စည်ပြပွဲကာလအတွင်း National Image ပြခန်းဆောင်ကို (၅၄) စတုရန်းမီတာ အကျယ်အဝန်းရှိသည့်နေရာ၌  မြန်မာနိုင်ငံဒေသအရပ်ရပ်မှ ထင်ရှားသော မြို့များ၏ ရှုခင်းများ၊ မြန်မာ့ရိုးရာပွဲတော်များ၊ မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍကြီးများအား လှပသောဓာတ်ပုံများဖြင့် ဝေဝေဆာဆာထည့်သွင်းပြသမည်ဖြစ်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ရှီး (ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့တွင် ကျင်းပပြုလုပ်မြဲဖြစ်သည့် တရုတ်-အာဆီယံကုန်စည်ပြပွဲအား ၂၀၀၄ ခုနှစ်မှစတင်၍ မြန်မာနိုင်ငံမှ ပါဝင်ပြသခဲ့ခြင်းဖြစ်ပြီး ယခင်နှစ်များ၌ မြန်မာနိုင်ငံမှ မြန်မာကုမ္ပဏီလုပ်ငန်းရှင်များအနေဖြင့် ကိုယ်တိုင်သွားရောက်ပါဝင်ပြသခဲ့ကြသော်လည်း  ၂၀၂၀ ပြည့်နှစ်၊ (၁၇) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲမှစတင်၍ ကိုဗစ်-၁၉ ကပ်ရောဂါထိန်းချုပ်မှု ကန့်သတ်ချက်များကြောင့် မြန်မာလုပ်ငန်းရှင်များသည် လူကိုယ်တိုင်သွားရောက်ပါဝင်ပြသမှုမရှိကြသဖြင့် မိမိတို့၏ ပြသမည့် မြန်မာနိုင်ငံမှ မြန်မာ့ထွက်ကုန်ပစ္စည်းများပေးပို့ကာ တရုတ်ပြည်သူ့သမ္မတနိုင်ငံရှိ လုပ်ငန်းမိတ်ဖက်ကိုယ်စားလှယ်များမှ ပြသကြမည်ဖြစ်ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၆-၇-၂၀၂၂)

  • (၁၉) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ရှီး (ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့တွင် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်မှ ၁၉ ရက်အထိ ကျင်းပပြုလုပ်မည်ဖြစ်။
  • ပြပွဲတွင် မြန်မာနိုင်ငံမှ မြန်မာ့ထွက်ကုန်ပစ္စည်းများကို ပြခန်းပေါင်း (၃၀) ခန်းပါဝင်ပြသမည်ဖြစ်ပြီး ကုန်စည်ပြခန်းများအပြင် တရုတ်-အာဆီယံကုန်စည်ပြပွဲကာလအတွင်း National Image ပြခန်းဆောင်ကို (၅၄) စတုရန်းမီတာ အကျယ်အဝန်းရှိသည့်နေရာ၌  မြန်မာနိုင်ငံဒေသအရပ်ရပ်မှ ထင်ရှားသောမြို့ များ၏ ရှုခင်းများ၊ မြန်မာ့ရိုးရာ ပွဲတော်များ၊ မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍကြီးများအား လှပသောဓာတ်ပုံများဖြင့် ဝေဝေဆာဆာထည့်သွင်းပြသမည်ဖြစ်။

Add new comment