၂၀၂၁ ခုနှစ်၊ မတ်လ ၁၄ ရက်မှစ၍ နိုင်ငံတော်အတွင်း အကြမ်းဖက်လုပ်ကြံသတ်ဖြတ်မှုများဖြစ်ပွားခဲ့ရာ ယင်းလုပ်ရပ်များတွင် ဖြိုးဇေယျာသော်(ခ)မောင်ကျော် (ခ)ရေခဲ၊ ကျော်မင်းယု(ခ)ဂျင်မီ၊ လှမျိုးအောင်(ခ)ကိုမျိုး(ခ)ဝက်ကြီးနှင့် အောင်သူရဇော်(ခ)ကတုံး(ခ)သူရတို့သည် ရက်စက်ပြီး လူမဆန်သည့်အကြမ်းဖက်လုပ်ရပ်များ ဖြစ်သော အကြမ်းဖက်သတ်ဖြတ်မှုများကို ကျူးလွန်ရာတွင် စီစဉ်ညွှန်ကြားခြင်း၊ စီမံဆောင်ရွက်ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း၊ ကိုယ်တိုင်ပါဝင်ကျူးလွန်ခြင်းတို့ကြောင့် အပြစ်မဲ့ပြည်သူအများအပြားသေဆုံးခဲ့ရမှုအတွက် သက်ဆိုင်ရာစစ်ခုံရုံးအသီးသီးက ကျူးလွန်သည့်ပြစ်မှုအလိုက် အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ၏ သက်ဆိုင် ရာပြဋ္ဌာန်း ချက်ပုဒ်မများ၊ ရာဇသတ်ကြီး၏ သက်ဆိုင်ရာပြဋ္ဌာန်းချက်ပုဒ်မများဖြင့် စွဲချက်တင်ပြီး ပြစ်မှုထင်ရှားသဖြင့် တရားခံလေးဦးအပေါ် သေဒဏ်ချမှတ်ရာ အဆိုပါတရားခံ လေးဦးအား အကျဉ်းထောင်လုပ်ထုံးလုပ်နည်းများအတိုင်း ပြစ်ဒဏ်စီရင်ဆောင်ရွက်ပြီးဖြစ်ကြောင်း သက်ဆိုင်ရာမှ သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၅-၇-၂၀၂၂)
- ဖြိုးဇေယျာသော်(ခ)မောင်ကျော် (ခ)ရေခဲ၊ ကျော်မင်းယု(ခ)ဂျင်မီ၊ လှမျိုးအောင် (ခ)ကိုမျိုး(ခ)ဝက်ကြီးနှင့် အောင်သူရဇော်(ခ)ကတုံး(ခ)သူရတို့သည် ရက်စက်ပြီး လူမဆန်သည့် အကြမ်းဖက်လုပ်ရပ်များဖြစ်သော အကြမ်းဖက်သတ်ဖြတ်မှုများကို ကျူးလွန်ခဲ့မှုကြောင့် အပြစ်မဲ့ပြည်သူအများအပြားသေဆုံးခဲ့ရ မှုအပေါ် သက်ဆိုင်ရာခုံရုံးအသီးသီးက သေဒဏ်ချမှတ်ရာ အဆိုပါတရားခံလေးဦးအား အကျဉ်းထောင်လုပ်ထုံးလုပ်နည်းများအတိုင်း ပြစ်ဒဏ်စီရင်ဆောင်ရွက်ပြီးဖြစ်။
Add new comment