ရုရှားနိုင်ငံဗဟိုဘဏ်နှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်တို့အကြား ဘဏ်လုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေးနှင့်စပ်လျဉ်း၍ ဆွေးနွေး

ရုရှားနိုင်ငံဗဟိုဘဏ်နှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်တို့အကြား ဘဏ်လုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဒုတိယအကြိမ်အစည်းအဝေးကို ဇူလိုင်လ ၂၂ ရက်တွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပခဲ့ရာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ အဆင့်မြင့်အရာထမ်းများ၊ နိုင်ငံပိုင် ဘဏ်များ၊ ပုဂ္ဂလိကဘဏ်များမှ အဆင့်မြင့်တာဝန်ရှိသူများ၊ ရုရှားနိုင်ငံဗဟိုဘဏ်နှင့် ရုရှားနိုင်ငံဘဏ်များမှ အဆင့်မြင့်အရာထမ်းများ တက်ရောက်ခဲ့ပါသည်။

အစည်းအဝေးတွင်-

  • မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေနှင့် ရုရှားနိုင်ငံဗဟိုဘဏ် International Cooperation Department ၏ Director ဖြစ်သူ Mr.Andrey Lipin တို့က အဖွင့်အမှာစကားပြောကြားခဲ့။
  • နှစ်နိုင်ငံဘဏ်များအကြား စာရင်းဖွင့်လှစ်မှုဆိုင်ရာလုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ VTB Bank၊ Credit Bank of Moscow နှင့် PROMSVYAZBANK တို့မှ ကိုယ်စားလှယ်များက ရှင်းလင်းပြောကြားခဲ့။
  • နှစ်နိုင်ငံဗဟိုဘဏ်များမှ Financial Messaging System of the Bank of Russia (SPFS) အတွက် Infrastructure/Network လိုအပ်ချက်များ၊ Accounts ဖွင့်လှစ်မှုနှင့် စပ်လျဉ်း၍ မြန်မာဘဏ်များက သိလိုသည့်အချက်များနှင့် SPFS ဖြင့်ဆောင်ရွက်ပါက ပြည်တွင်းသုံးငွေကြေးဖြင့်သာမက နိုင်ငံခြားငွေဖြင့် စာရင်းဖွင့်လှစ်နိုင်မှုတို့ကို အပြန်အလှန်မေးခွန်းများမေးမြန်းခြင်း၊ ဖြေကြားခြင်းများပြုလုပ်၍ အတွေ့အကြုံအသိအမြင် များဖလှယ်ခဲ့။

ထို့နောက် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေနှင့် ရုရှားနိုင်ငံဗဟိုဘဏ်မှ Director Mr.Andrey Lipin တို့က နိဂုံးချုပ်အမှာစကားများပြောကြားခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၃-၇-၂၀၂၂)

  • အစည်းအဝေးတွင် နှစ်နိုင်ငံဘဏ်များအကြား စာရင်းဖွင့်လှစ်မှုဆိုင်ရာလုပ်ငန်းစဉ်များ၊ နှစ်နိုင်ငံဗဟိုဘဏ်များမှ Financial Messaging System of the Bank of Russia (SPFS) အတွက် Infrastructure/Network လိုအပ်ချက်များ၊ Accounts ဖွင့်လှစ်မှုနှင့် စပ်လျဉ်း၍ မြန်မာဘဏ်များက သိလိုသည့်အချက်များနှင့် SPFS ဖြင့်ဆောင်ရွက်ပါက ပြည်တွင်းသုံးငွေကြေးဖြင့်သာမက နိုင်ငံခြားငွေဖြင့် စာရင်းဖွင့်လှစ်နိုင်မှုတို့ကို အပြန် အလှန်မေးခွန်းများမေးမြန်းခြင်း၊ ဖြေကြားခြင်းများ ပြုလုပ်၍ အတွေ့အကြုံအသိအမြင်များဖလှယ်ခဲ့။

Add new comment