နိုင်ငံတော်မှ နိုင်ငံ့ဝန်ထမ်း(အမြဲတမ်း)များအား အိမ်ငှားစရိတ်ထောက်ပံ့မည်

နိုင်ငံတော်ဝန်ကြီးချုပ် ဦးဆောင်၍ ဇူလိုင်လ ၂၂ ရက်က ကျင်းပပြုလုပ်သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ စီးပွားရေးရာကော်မတီအစည်းအဝေး (၆/၂၀၂၂)၏ အစည်းအဝေးဆုံးဖြတ်ချက်အရ နိုင်ငံ့ဝန်ထမ်း(အမြဲတမ်း)များအား အိမ်ငှားစရိတ်ထောက်ပံ့မည်ဖြစ်ကြောင်း သိရှိရပါသည်။

နိုင်ငံ့ဝန်ထမ်း(အမြဲတမ်း)များအနေဖြင့် အိမ်ငှားစရိတ်အဖြစ် အိမ်ထောင်သည်ဖြစ်ပါက မူရင်းလစာ၏ ၈ ရာခိုင်နှုန်းနှင့် လူပျို/အပျိုဖြစ်ပါက ၄ ရာခိုင်နှုန်း ခံစားခွင့်ရရှိမည်ဖြစ်ပြီး ခံစားခွင့်များကို ၂၀၂၂ ခုနှစ်၊ ဩဂုတ်လမှစတင်၍ ခံစားခွင့်ပြုမည်ဖြစ်ကာ အသေးစိတ်အား ဇူလိုင်လ ၂၅ ရက် (တနင်္လာနေ့) ၌ သတင်းထုတ်ပြန်သွားမည် ဖြစ်ကြောင်းနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအနေဖြင့် အစိုးရဝန်ထမ်းများအား ခေတ်နှင့်အညီ ချီးမြှင့်ငွေ၊ ထောက်ပံ့ငွေများပေးအပ်လျက်ရှိရာ ယခုအိမ်ငှားစရိတ်ထောက်ပံ့ခြင်းအပါအဝင် ချီးမြှင့်ထောက်ပံ့မှု (၂၆) ခု ပြုလုပ်ပြီးဖြစ်ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၃-၇-၂၀၂၂)

  • နိုင်ငံ့ဝန်ထမ်း(အမြဲတမ်း)များအနေဖြင့် အိမ်ငှားစရိတ်အဖြစ် အိမ်ထောင်သည်ဖြစ်ပါက မူရင်းလစာ၏ ၈ ရာခိုင်နှုန်းနှင့် လူပျို/အပျိုဖြစ်ပါက ၄ ရာခိုင်နှုန်း ခံစားခွင့်ရရှိမည်ဖြစ်ပြီး ခံစားခွင့်များကို ၂၀၂၂ ခုနှစ်၊ ဩဂုတ်လမှစတင်၍ ခံစားခွင့်ပြုမည်ဖြစ်ကာ အသေးစိတ်အား ဇူလိုင်လ ၂၅ ရက် (တနင်္လာနေ့) ၌ သတင်းထုတ်ပြန်သွားမည်ဖြစ်။

Add new comment