၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်စ သုံးလကျော်ကာလအတွင်း ပြည်ပပို့ကုန်ပစ္စည်းတင်ပို့ မှုမှ အမေရိကန်ဒေါ်လာ သန်း ၄,၅၀၀ ကျော်ရရှိထားပြီးဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရှိရပါသည်။
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်စ ဧပြီလ ၁ ရက်မှ ဇူလိုင်လ ၈ ရက်အထိ ပြည်ပပို့ကုန်တင်ပို့မှုအနေဖြင့် ပင်လယ်ရေကြောင်းမှ အမေရိကန်ဒေါ်လာ ၂,၉၆၆ ဒသမ ၈၅၇ သန်း ရရှိပြီး နယ်စပ်ကုန်သွယ်ရေးမှ အမေရိကန်ဒေါ်လာ ၁,၅၇၄ ဒသမ ၀၆၇ သန်း ရရှိသည့်အတွက် စုစုပေါင်းအမေရိကန်ဒေါ်လာ ၄,၅၄၀ ဒသမ ၉၂၄ သန်းရရှိခဲ့ကြောင်း သိရှိရပါသည်။
၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်ကာလတူက ပင်လယ်ရေကြောင်းမှ အမေရိကန်ဒေါ်လာ ၂,၃၂၁ ဒသမ ၃၃၃ သန်းနှင့် နယ်စပ်ကုန်သွယ်ရေးမှ အမေရိကန်ဒေါ်လာ ၁,၅၆၃ ဒသမ ၀၄ သန်း စုစုပေါင်းအမေရိကန်ဒေါ်လာ ၃,၈၈၄ ဒသမ ၃၇၃ သန်းရရှိသည့်အတွက် ယခုနှစ်ယဏ္ဍာနှစ်တွင် ပြည်ပပို့ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၆၅၆ ဒသမ ၅၅၁ သန်း ပိုမိုရရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၃-၇-၂၀၂၂)
- ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်စ ဧပြီလ ၁ ရက်မှ ဇူလိုင်လ ၈ ရက်အထိ ပြည်ပပို့ကုန် တင်ပို့မှုအနေဖြင့် ပင်လယ်ရေကြောင်းမှ အမေရိကန်ဒေါ်လာ ၂,၉၆၆ ဒသမ ၈၅၇ သန်းရရှိပြီး နယ်စပ်ကုန်သွယ်ရေးမှ အမေရိကန်ဒေါ်လာ ၁,၅၇၄ ဒသမ ၀၆၇ သန်း ရရှိသည့်အတွက် စုစုပေါင်းအမေရိကန်ဒေါ်လာ ၄,၅၄၀ ဒသမ ၉၂၄ သန်း ရရှိခဲ့။
Add new comment