ပြစ်မှုကျူးလွန်ခြင်းမရှိဘဲ လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လာရောက်ခိုလှုံသည့် PDF အဖွဲ့ဝင်များအား ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နယ်မြေအတွင်း သင်တန်းများ တက်ရောက်ခဲ့သော်လည်း ပြစ်မှုကျူးလွန်ခြင်းမရှိဘဲ လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လာရောက်ခိုလှုံသည့် PDF အဖွဲ့ဝင်များအား ၎င်းတို့၏မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ဇူလိုင်လ ၂၁ ရက်တွင် ကျင်းပခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့မှ PDF အဖွဲ့ဝင် အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၂ ဦးတို့အား တိုင်းဒေသကြီးအစိုးရအဖွဲ့များမှ တာဝန်ရှိသူများက ဝန်ခံကတိလက်မှတ်ရေးထိုးစေပြီး ထောက်ပံ့ငွေများ အသီးသီးပေးအပ်ကာ ၎င်းတို့၏အုပ်ထိန်းသူ မိဘဆွေမျိုးများထံသို့ ပြန်လည်အပ်နှံခဲ့ပါသည်။  

လက်ရှိအချိန်တွင် နိုင်ငံတော်အစိုးရက PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးတို့အနေဖြင့် နိုင်ငံတော်၏ရှေ့လုပ်ငန်းစဉ်များတွင် ပါဝင်ပူးပေါင်းဆောင်ရွက်နိုင်ရေး သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဥပဒေဘောင်အတွင်းသို့ လက်နက်အပ်နှံပြီး ပြည်သူ့ဘဝသို့ ပြန်လည်ဝင်ရောက်ခြင်းပြုမည်ဆိုပါက ကြိုဆိုလက်ခံသွားမည်ဟု အသိပေးထုတ်ပြန်ထားပြီး ဖြစ်ကြောင်းသိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၂-၇-၂၀၂၂)

  • တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နယ်မြေအတွင်း သင်တန်းများတက်ရောက်ခဲ့သော်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လာရောက်ခိုလှုံသည့် ပြစ်မှုကျူးလွန်ခြင်းမရှိသူ ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့မှ PDF အဖွဲ့ဝင် အမျိုးသား ဦးနှင့် အမျိုးသမီး ဦးတို့အား တိုင်းဒေသကြီးအစိုးရအဖွဲ့များမှ တာဝန်ရှိသူများက ထောက်ပံ့ငွေများ အသီးသီးပေးအပ်ကာ ၎င်းတို့၏ အုပ်ထိန်းသူမိဘဆွေမျိုးများထံသို့ ပြန်လည်အပ်နှံခဲ့။

Add new comment