သိန္နီမြို့နယ်၌ ဘိန်းဖြူအလေးချိန် ၄၀ ဒသမ ၆ ကီလို ဖမ်းဆီးရမိ

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင်လ ၁၇ ရက်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့နယ်ရှိ ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း၌ လားရှိုးမှ မူဆယ်ဘက်သို့ မောင်းနှင်လာသည့် Crown မော်တော်ယာဉ်ကို စစ်ဆေးခဲ့ရာ ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၆,၀၀၀ ကျော် တန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံး ၁၁၆ တုံး (အလေးချိန် ၄၀ ဒသမ ၆ ကီလို) သိမ်းဆည်းရမိခဲ့ပါသည်။

ဖမ်းဆီးရမိတရားခံများ၏ စစ်ဆေးချက်အရ တာဝန်ရှိသူများက ညနေ ၄ နာရီတွင် ဘိန်းဖြူဘလောက်တုံးများ သယ်ဆောင်ရာ၌ ပူးပေါင်းပါဝင်သူ ၁ ဦးကို ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်းနှင့် အဆိုပါသိမ်းဆည်းရမိ မူးယစ်ဆေးများကို ရှမ်းပြည်နယ်တောင်ပိုင်း ကျေးသီးမြို့နယ်မှ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြန်မာ့အလင်းသတင်းစာ ၂၁-၇-၂၀၂၂)

  • ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့နယ်၌ ငွေကျပ်သိန်း ၆,၀၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံး ၁၁၆ တုံး (အလေးချိန် ၄၀ ဒသမ ၆ ကီလို) ဖမ်းဆီးရမိခဲ့

Add new comment