ဒေးဒရဲမြို့နယ်၊ အင်ဒူးကျေးရွာဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော်နှင့် ကပ္ပိယတစ်ဦးတို့အား အကြမ်းဖက်သမားများက ဓားများဖြင့် ရက်စက်စွာသတ်ဖြတ်

ဇူလိုင်လ ၂၀ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဒေးဒရဲမြို့နယ်၊ အင်ဒူးကျေးရွာ ဘုန်းကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော် သက်တော် (၉၃) နှစ်၊ ဝါတော် (၇၂) ဝါရှိ ဘဒ္ဒန္တအိန္ဒြိယနှင့် အဆိုပါဘုန်းကြီးကျောင်းမှ ကပ္ပိယဖြစ်သူ ဦးမောင်စော (၆၂) နှစ် တို့အား အကြမ်းဖက်သမားများက ဓားများဖြင့်ရက်စက်စွာ ဝိုင်းဝန်းထိုးခုတ် ခဲ့သဖြင့် ဆရာတော်တွင် ဦးခေါင်းငယ်ထိပ်ပြတ်ရှဒဏ်ရာများနှင့် ဝဲပါးပြတ်ရှဒဏ်ရာများဖြင့် ပျံလွန်တော်မူခဲ့ပြီး ဦးမောင်စောတွင် မေးစေ့ပြတ်ရှဒဏ်ရာများဖြင့် သေဆုံးခဲ့ပါသည်။

NUG အဖွဲ့၏စေခိုင်းချက်အရ PDF အကြမ်းဖက်သမားများသည် ငါနဲ့မတူ ငါ့ရန်သူ အယူအဆဖြင့် ၎င်းတို့ကို မထောက်ခံသည့် အပြစ်မဲ့ပြည်သူများအား ရက်ရက်စက်စက် လက်နက်အားကိုး၍ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည့်အပြင် ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များကို ထောက်ခံခြင်းမရှိသည့် ဘုန်းကြီးကျောင်း များကို မီးရှို့ဖျက်ဆီးခြင်း၊ ဗုဒ္ဓသာသနာပြန့်ပွားရေး သာသနာ့တာဝန်ထမ်းဆောင်နေသော ဘုရားသားတော်များအား အကြောင်းမဲ့ရက်ရက်စက်စက်ဖမ်းဆီးသတ်ဖြတ်ခြင်းများသည် မြန်မာလူမျိုးအများစု၏ ကိုးကွယ်ယုံကြည်ရာဖြစ်သော ဗုဒ္ဓဘာသာသာသနာတော် ညှိုးနွမ်းပျက်စီးစေခြင်းနှင့် အများပြည်သူ အထိတ်တလန့် ဖြစ်စေခြင်းတို့ကြောင့် ပြည်သူတစ်ရပ်လုံးက စက်ဆုပ်ရွံရှာ၍ နာကျည်းမုန်းတီးလျက်ရှိပါသည်။

အကြမ်းဖက်သမားများ၏ အကြောင်းမဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် နိုင်ငံတော်အတွင်း သံဃာတော် ၅၂ ပါးနှင့် သီလရှင်ဆရာကြီး ၁ ပါးတို့ ဘဝနတ်ထံပျံလွန်တော်မူခဲ့ပြီး အဆိုပါဖြစ်စဉ်မှ သံဃာတော်တစ်ပါးနှင့် ကပ္ပိယတို့အား သတ်ဖြတ်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ဥပဒေနှင့်အညီ အရေးယူ နိုင်ရေး နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၁-၇-၂၀၂၂)

  • အကြမ်းဖက်သမားများက အင်ဒူးကျေးရွာဘုန်းကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော်နှင့် ကပ္ပိယတို့အား ဓားများဖြင့်ရက်စက်စွာ ဝိုင်းဝန်းထိုးခုတ်ခဲ့သဖြင့် ဆရာတော်တွင် ဦးခေါင်းငယ်ထိပ်ပြတ်ရှဒဏ်ရာများနှင့် ဝဲပါးပြတ်ရှဒဏ်ရာများဖြင့် ပျံလွန်တော်မူခဲ့ပြီး ဦးမောင်စောတွင် မေးစေ့ပြတ်ရှဒဏ်ရာများဖြင့် သေဆုံးခဲ့
  • အကြမ်းဖက်သမားများ၏ အကြောင်းမဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် နိုင်ငံတော်အတွင်း သံဃာတော် ၅၂ ပါးနှင့် သီလရှင်ဆရာကြီး ၁ ပါးတို့ ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ပြီးဖြစ်။

Add new comment