(၂၂) ကြိမ်မြောက် အာရှ-ပစိဖိတ် ကြေးနန်းဆက်သွယ်ရေးအဖွဲ့၏ ဆက်သွယ်ရေးမူဝါဒဆိုင်ရာဖိုရမ် ဝန်ကြီးအဆင့်စကားဝိုင်းဆွေးနွေးပွဲကျင်းပ

အာရှ-ပစိဖိတ် ကြေးနန်းဆက်သွယ်ရေးအဖွဲ့ (Asia Pacific Telecummunity-APT) မှ ထိုင်းနိုင်ငံဗန်ကောက်မြို့တွင် ဇူလိုင်လ ၁၉ ရက်မှ ၂၁ ရက်အထိ Hybrid Format ဖြင့် ကျင်းပလျက်ရှိသော “The 22ndAPT Policy and Regulatory Forum (PRF-22)” အစီအစဉ်များအတွင်း ဇူလိုင်လ ၁၉ ရက်တွင် ကျင်းပသည့် ဝန်ကြီးအဆင့် စားပွဲဝိုင်းဆွေးနွေးပွဲသို့ ပို့‌ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်လူမွန်က Virtual စနစ်ဖြင့် တက်ရောက်ဆွေးနွေးခဲ့ပါသည်။

ထို့နောက် ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်လူမွန် အပါအဝင် ဦးဆောင်ဆွေးနွေးသူ ခြောက်ဦးတို့က “Digital Transformation and Innovation Strategies for Sustainable Digital Society” ခေါင်းစဉ်ဖြင့် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းခြင်းကို အရှိန်မြှင့်တင်နိုင်ရန်အတွက် အစိုးရများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် နိုင်ငံသားများ လုပ်ကိုင်ခွင့်ရှိသော မူဝါဒဆိုင်ရာမဟာဗျူဟာများနှင့် ချဉ်းကပ်နည်းများကို အာရှ-ပစိ ဖိတ်နိုင်ငံများ၌ ဒစ်ဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အတွေ့အကြုံကောင်းများအဖြစ် မျှဝေဆွေးနွေးခဲ့ကြပါသည်။

 ဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီးက-

  • မြန်မာနိုင်ငံအနေဖြင့် ၂၀၁၃ ခုနှစ်တွင် အိုင်စီတီကဏ္ဍ ဖြေလျှော့ခြင်းများ စတင်ဆောင်ရွက်ပြီးနောက် အိုင်စီတီနှင့် ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများ၏ ချိတ်ဆက်နိုင်မှု၊ ဈေးနှုန်း‌သင့်တင့်မှုနှင့် အရည်အသွေးတို့သည် သိသိသာသာတိုးတက်လာသော်လည်း မြို့ပြနှင့်ကျေးလက်အကြား အသုံးပြုမှုတွင် ကြီးမားသောကွာဟမှုသည် ယခုထက်ထိရှိနေသေးကြောင်း။
  • အဆိုပါပြဿနာကို ဖြေရှင်းနိုင်ရန်အတွက် ဆက်သွယ်ရေးဝန်ဆောင်မှု မရရှိ သေးသောဒေသများအား ဒစ်ဂျစ်တယ်ဝန်ဆောင်မှုများရရှိရေး ဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေမည့် အခြေခံဆက်သွယ်ရေး လိုအပ်ချက်ဖြည့်ဆည်းရေး မဟာဗျူဟာ(၂၀၁၉-၂၀၂၃)ကို ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့။

အဆိုပါ ဆွေးနွေးပွဲတွင် APT အထွေထွေအတွင်းရေးမှူးချုပ် (APT Secretary General) ဖြစ်သူ Mr. Masanori Kondo က ဦးဆောင်ဆွေးနွေးပြောကြားသူ (Moderator) အဖြစ် ဆောင်ရွက်ခဲ့ပြီး ထိုင်းနိုင်ငံ၊ ဂျပန်နိုင်ငံ၊ မြန်မာနိုင်ငံ၊ မလေးရှား နိုင်ငံ၊ မွန်ဂိုလီးယားနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့မှ ဝန်ကြီး၊ ဒုတိယဝန်ကြီးများက Speaker များအဖြစ် ပါဝင်ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (ကြေးမုံသတင်းစာ ၂၀-၇-၂၀၂၂)

  • ဇူလိုင်လ ၁၉ ရက်တွင် ကျင်းပသည့် (၂၂) ကြိမ်မြောက် အာရှ-ပစိဖိတ် ကြေးနန်းဆက်သွယ်ရေးအဖွဲ့၏ ဆက်သွယ်ရေးမူဝါဒဆိုင်ရာဖိုရမ် ဝန်ကြီးအဆင့်စားပွဲဝိုင်း ဆွေးနွေးပွဲသို့ ပို့‌ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် လူမွန်က Virtual စနစ်ဖြင့် တက်ရောက်ဆွေးနွေးခဲ့။
  • ဆက်သွယ်ရေးဝန်ဆောင်မှု မရရှိသေးသောဒေသများအား ဒစ်ဂျစ်တယ်ဝန်ဆောင်မှုများရရှိရေး ဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေမည့် အခြေခံဆက်သွယ်ရေးလိုအပ်ချက်ဖြည့်ဆည်းရေး မဟာဗျူဟာ(၂၀၁၉-၂၀၂၃)ကို ချမှတ်ဆောင်ရွက်လျက်ရှိ။

Add new comment