မြန်မာ့ပင်လယ်ပြင်အတွင်း၌ ရေဝင်နစ်မြုပ်မှုဖြစ်ပွားနေသည့် ငါးဖမ်းစက်လှေများမှ လှေသားများအား တပ်မတော်စစ်ရေယာဉ်၊ ကမ်းခြေစောင့်တပ်ဖွဲ့ရေယာဉ်များဖြင့် ကူညီကယ်ဆယ်

ဇူလိုင်လ ၁၄ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြစ်အတွင်း၌ စက်ပျက်၍ ရေဝင်နစ်မြုပ်မှုဖြစ်ပွားနေသည့် ကျားပိုက်ငါးဖမ်းလှေအား လည်းကောင်း၊ ဇူလိုင်လ ၁၉ ရက်တွင် ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်ရှိ မြန်မာ့ပင်လယ်ပြင်အတွင်းသို့ ငါးဖမ်းရန် ထွက်ခွာလာစဉ် လှေဦးအောက်ခြေမှပွင့်ထွက်၍ ရေဝင်နစ်မြုပ်လျက်ရှိသော ငါးဖမ်း စက်လှေ ၁ စီးအားလည်းကောင်း နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော်စစ်ရေယာဉ်၊ ကမ်းခြေစောင့်တပ်ဖွဲ့ရေယာဉ်များမှ တပ်မတော်သားများက ကူညီကယ်ဆယ်ပေးခဲ့ကြောင်း သိရှိရပါသည်။

ရန်ကုန်မြစ်အတွင်း စက်ပျက်၍ ရေဝင်နစ်မြုပ်လျက်ရှိသည့် အိဖြိုးရတနာ () အမည်ရှိ ကျားပိုက်ငါးဖမ်းလှေမှ လှေသား ၂၂ ဦးနှင့် သံတွဲမြို့နယ်ရှိ မြန်မာ့ပင်လယ်ပြင်အတွင်း ရေဝင်နစ်မြုပ်မှုဖြစ်ပွားနေသည့် ငါးဖမ်းစက်လှေမှ လှေသား ၅ ဦးတို့အား တပ်မတော်သားများက လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး အဝတ်အထည်နှင့် စားသောက်ဖွယ်ရာများ‌ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။(မြဝတီသတင်းစာ ၂၀-၇-၂၀၂၂)

  • ရန်ကုန်မြစ်အတွင်း စက်ပျက်၍ ရေဝင်နစ်မြုပ်မှုဖြစ်ပွားနေသည့် ကျားပိုက်ငါးဖမ်းလှေမှ လှေသား ၂၂ ဦးနှင့် သံတွဲမြို့နယ်ရှိ မြန်မာ့ပင်လယ်ပြင်အတွင်း ရေဝင်နစ်မြုပ်မှုဖြစ်ပွားနေသည့် ငါးဖမ်းစက်လှေမှ လှေသား ၅ ဦးတို့အား နယ်မြေလုံခြုံရေး ဆောင်ရွက်နေသည့် တပ်မတော်စစ်ရေယာဉ်၊ ကမ်းခြေစောင့် တပ်ဖွဲ့ရေယာဉ်များမှ  တပ်မတော်သားများက လိုအပ်သည့်ကူညီကယ်ဆယ်လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့။

Add new comment