မြန်မာနိုင်ငံလွတ်လပ်ရေးရရှိရန် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့် အာဇာနည်ခေါင်းဆောင်ကြီး ၉ ဦးတို့၏ နိုင်ငံနှင့်လူမျိုးအတွက် ဆောင်ရွက်ခဲ့မှုများကို ပြည်သူတစ်ရပ်လုံး၏ရင်ထဲတွင် အမြဲအမှတ်တရရှိစေရန်နှင့် အားကျအတုယူစေရန် အာဇာနည်နေ့ အထိမ်းအမှတ်အခမ်းအနားများကို နှစ်စဉ်ကျင်းပလျက်ရှိပါသည်။ (၇၅) နှစ်မြောက် အာဇာနည်နေ့ကို ဇူလိုင်လ ၁၉ ရက်တွင် ကျင်းပပြုလုပ်ခဲ့ရာ -
- ဗိုလ်ချုပ်အောင်ဆန်းပြတိုက်သို့ အများပြည်သူများနှင့် နိုင်ငံခြားသားများအပါ လာရောက်လေ့လာသူစုစုပေါင်း ၅၃၄ ဦးရှိ။
- ဗိုလ်ချုပ်ပန်းခြံရှိ ဗိုလ်ချုပ်ကြေးရုပ်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်များကို ရည်မှန်းလျက် အလေးအမြတ် ဦးညွတ်ဂါရဝပြုခဲ့။
နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် ကျဆုံးလေပြီးသော အာဇာနည် ၉ ဦးအား လွမ်းဆွတ်တသအမှတ်ရမှုဖြင့် သွားလာနေကြသောယာဉ်များက ရပ်တန့်ကြ၍ ဥဩဆွဲကာ နိုင်ငံတစ်ဝန်း၌ အလံများကို တိုင်တစ်ဝက်လွှင့်ထူခဲ့ကြကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၀-၇-၂၀၂၂)
- (၇၅) နှစ်မြောက် အာဇာနည်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်သို့ အများပြည်သူများနှင့် နိုင်ငံခြားသားများအပါ လာရောက်လေ့လာသူစုစုပေါင်း ၅၃၄ ဦး ရှိပြီး ပြည်သူများက ဗိုလ်ချုပ်ပန်းခြံရှိ ဗိုလ်ချုပ်ကြေးရုပ်တွင် အာဇာနည်ခေါင်းဆောင်ကြီးများကို ရည်မှန်းလျက် အလေးအမြတ် ဦးညွတ်ဂါရဝပြုခဲ့။
Add new comment