အာဇာနည်ခေါင်းဆောင်ကြီးများအား ရည်စူး၍ ရန်ကုန်မြို့တော်ခန်းမ၌ နေ့ဆွမ်းဆက်ကပ်လှူဒါန်း

၂၀၂၂ ခုနှစ် (၇၅)နှစ်မြောက် အာဇာနည်နေ့တွင် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်များအား ရည်စူး၍   နေ့ဆွမ်းဆက်ကပ်လှူဒါန်း ရေစက်သွန်းချ အမျှပေးဝေခြင်း အခမ်းအနားကို ဇူလိုင်လ ၁၉ ရက်တွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့တော်ခန်းမ၌ ကျင်းပခဲ့ပါသည်။

အခမ်းအနားတွင်-

  • နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ဒုတိယဥက္ကဋ္ဌ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဘဒ္ဒန္တကောဝိဒ၊ မိတ္ထီလာဆရာတော်ထံမှ ပရိသတ်တို့က ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်များ ရွတ်ပွားသရဇ္ဈာယ် တော်မူကြသည့် မေတ္တသုတ် ပရိတ်တရားတော်များကို နာယူကြကာ လှူဖွယ်ပစ္စည်းများနှင့် ဆွမ်းဆက်ကပ်လှူဒါန်းခဲ့။
  • နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ တွဲဖက်အကျိုးတော်ဆောင်၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ၊ ဘဒ္ဒန္တပညာဓဇ၊ ပုဇွန်တောင်ဆရာတော်ထံမှ အနုမောဒနာ တရား နာယူကြပြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများအား ရည်စူး၍ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့။

အခမ်းအနားသို့ (၇၅)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကျင်းပရေးဗဟိုကော်မတီ ဥက္ကဋ္ဌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို ဗဟိုကော်မတီဒုတိယဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်၊ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မိုးဇော်ထွန်း၊ ရန်ကုန်မြို့တော်ဝန်နှင့် ကော်မတီဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။(မြဝတီသတင်းစာ ၂၀-၇-၂၀၂၂)

  • ၂၀၂၂ ခုနှစ် (၇၅)နှစ်မြောက် အာဇာနည်နေ့တွင် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်များအား ရည်စူး၍ နေ့ဆွမ်းဆက်ကပ်လှူဒါန်း ရေစက်သွန်းချ အမျှပေးဝေခြင်း အခမ်းအနားကို ဇူလိုင်လ ၁၉ ရက်တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ မြို့တော်ခန်းမ၌ ကျင်းပခဲ့။

Add new comment