(၇၅) နှစ်မြောက် အာဇာနည်နေ့ ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် နိုင်ငံတော်အလံအား တိုင်ဝက်သို့ လျှော့ချလွှင့်ထူခြင်းအခမ်းအနားကျင်းပ

(၇၅) နှစ်မြောက် အာဇာနည်နေ့ ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ်  နိုင်ငံတော်အလံအား တိုင်ဝက်သို့ လျှော့ချလွှင့်ထူခြင်းအခမ်းအနားကို ဇူလိုင်လ ၁၉ ရက်တွင် ရန်ကုန်မြို့ဝန်ကြီးများရုံး(ယခင်အတွင်းဝန်ရုံး)၌ ကျင်းပခဲ့ရာ (၇၅) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကျင်းပရေးလုပ်ငန်းကော်မတီအတွင်းရေးမှူး၊ ရန်ကုန်တိုင်း ဒေသကြီး စည်ပင်သာယာရေးဝန်ကြီး မြို့တော်ဝန် ဦးဗိုလ်ဌေးနှင့် ကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဂုဏ်ပြုတပ်ဖွဲ့များ တက်ရောက်၍ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများကို  အလေးပြုကြပြီး  နိုင်ငံတော်အလံအား တိုင်ဝက်သို့ လျှော့ချလွှင့်ထူကာ နှစ်မိနစ်ငြိမ်သက်စွာ မေတ္တာပို့အမျှပေး ဝေခဲ့ကြပါသည်။

ဝန်ကြီးများရုံး (ယခင်အတွင်းဝန်ရုံး)၌ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများကျဆုံးခဲ့သည့် အစည်းအဝေးခန်းမနှင့် ပါလီမန်အဆောက်အအုံနေရာတို့ကို ဇူလိုင်လ ၁၉ ရက်တွင် နံနက် ၉ နာရီမှ ညနေ ၃ နာရီအထိ အများပြည်သူ လာရောက်လေ့လာနိုင်ရန်  အထူးဖွင့်လှစ်ပြသခဲ့ပြီး ကျန်ရက်များတွင် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ပိတ်ရက်မရှိဖွင့်လှစ်ထားရှိမည်ဖြစ်ကာ အများပြည်သူများ လာရောက်လေ့လာသည့်အခါတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ စီစဉ်ဆောင်ရွက်ပေးထားကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၀-၇-၂၀၂၂)

  • (၇၅) နှစ်မြောက် အာဇာနည်နေ့ ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ်  နိုင်ငံတော်အလံအား တိုင်ဝက်သို့ လျှော့ချလွှင့်ထူခြင်းအခမ်းအနားကို ဇူလိုင်လ ၁၉ ရက်တွင် ရန်ကုန်မြို့ဝန်ကြီးများရုံး(ယခင်အတွင်းဝန်ရုံး)၌ ကျင်းပခဲ့။
  • ဝန်ကြီးများရုံး (ယခင်အတွင်းဝန်ရုံး)၌ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများကျဆုံးခဲ့သည့် အစည်းအဝေးခန်းမနှင့် ပါလီမန်အဆောက်အအုံနေရာတို့ကို ဇူလိုင်လ ၁၉ ရက်တွင် နံနက် ၉ နာရီမှ ညနေ ၃ နာရီအထိ အများပြည်သူ လာရောက်လေ့လာနိုင်ရန်  အထူးဖွင့်လှစ်ပြသခဲ့ပြီး ကျန်ရက်များ တွင် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ပိတ်ရက်မရှိဖွင့်လှစ်ထားရှိမည်ဖြစ်။

Add new comment