NUG နှင့် ၎င်း၏လက်အောက်ခံ နိုင်ငံရေးအစွန်းရောက်အကြမ်းဖက်သမားများက အနာဂတ်ရင်သွေးငယ်များ၏ ပညာသင်ကြားသင်ယူခွင့် အခွင့်အလမ်းများ ပျက်ပြား၍ ပညာမဲ့လူတန်းစားများ ဖြစ်ပေါ်လာစေရန်နှင့် ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ မိဘများအား အထိတ်တလန့်ဖြစ်စေရန် ယုတ်မာရိုင်းစိုင်းသော ရည်ရွယ်ချက်များဖြင့် စာသင်ကျောင်းများ၌ ခြိမ်းခြောက်စာများရေးသားခြင်း၊ ဆရာ၊ ဆရာမများထံသို့ ခြိမ်းခြောက်စာများပေးပို့ခြင်းများနှင့် ပညာရေးဆိုင်ရာအဆောက်အဦများအား မီးရှို့ဖျက်ဆီးခြင်းနှင့် မိုင်းထောင်ဖောက်ခွဲခြင်းများဖြင့် ပညာရေးကဏ္ဍအပေါ် နည်းမျိုးစုံ အသုံးပြု၍ ခြိမ်းခြောက်အကြမ်းဖက်ခြင်းများ လုပ်ဆောင်လျက်ရှိပါသည်-
- ဇူလိုင်လ ၁၇ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ ထောက်ကြန့်ကျေးရွာတွင်နေထိုင်ပြီး အဆိုပါကျေးရွာ၏ အခြေခံပညာအထက်တန်းကျောင်း၌ တာဝန်ထမ်းဆောင်နေကြသည့် ကျောင်းဆရာမ ၇ ဦးတို့၏ နေအိမ်အသီးသီး တွင် PDF အကြမ်းဖက်သမားများက “ဆရာ၊ ဆရာမများ CDM ပြုလုပ်ရန်၊ ကျောင်းဆက်တက်ခြင်းဆက်လက်မပြုလုပ်ရန်နှင့် ဆက်လက်လုပ်ဆောင်ပါက အပြတ်ချေမှုန်းသွားမည်ဖြစ်ကြောင်း နောက်ဆုံးအနေဖြင့် သတိပေးခြင်း” ဟု ရေးသားထားသည့် ခြိမ်းခြောက်စာနှင့်အတူ ကျည်ဆံတစ်ထောင့်တို့အား လာရောက်ပစ်ချခြိမ်းခြောက်ခဲ့။
- ထို့ပြင် ကချင်ပြည်နယ်၊ ပူတာအိုမြို့၊ ကောင်ကထောင်ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း၌လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ ကျောက်မြောင်းအရှေ့ရပ်ကွက်ရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌လည်းကောင်း ကျောင်းတက်ရောက်မှုကို အနှောင့်အယှက်ဖြစ်စေရန် ခြိမ်းခြောက်ဆန့်ကျင်သည့် စာများရေးသားထားခဲ့။
- ဇူလိုင်လ ၁၈ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်းဝင်း၌ လက်လုပ်မိုင်း ၁ လုံး ပေါက်ကွဲခဲ့မှုကြောင့် ကျောင်းရှေ့လမ်းပေါ်မှ ဖြတ်သန်းသွားလာနေသူ ဖြိုးသက်ပိုင်ခန့် (၂၃)နှစ်တွင် မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့ကာ ကျောင်းဝင်းအတွင်းရပ်တန့်ထားသည့် HIJET အမျိုးအစား မော်တော်ယာဉ်၏ လေကာမှန် ၂ ချပ်နှင့် ကျောင်းပြတင်းပေါက်မှန် ၂ ချပ်တို့ ကွဲအက်ပျက်စီးခဲ့။
အထက်ပါဖြစ်စဉ်များတွင် ပါဝင်ပတ်သက်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၀-၇-၂၀၂၂)
- စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်း၌ တာဝန်ထမ်းဆောင်နေကြသည့် ကျောင်းဆရာမ ၇ ဦးတို့၏ နေအိမ်များအား PDF အကြမ်းဖက်သမားများက “ဆရာ၊ ဆရာမများ CDM ပြုလုပ်ရန်၊ ကျောင်းဆက်တက်ခြင်း ဆက်လက်မပြုလုပ်ရန်နှင့် ဆက်လက်လုပ်ဆောင် ပါက အပြတ်ချေမှုန်းသွားမည်ဖြစ်ကြောင်း နောက်ဆုံးအနေဖြင့် သတိပေးခြင်း” ဟု ရေးသားထားသည့် ခြိမ်းခြောက်စာနှင့်အတူ ကျည်ဆံတစ်ထောင့်တို့အား လာရောက်ပစ်ချခြိမ်းခြောက်ခဲ့။
- ကချင်ပြည်နယ်၊ ပူတာအိုမြို့ရှိ အခြေခံပညာအထက်တန်းကျောင်း၌လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်ရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ လည်းကောင်း ကျောင်းတက်ရောက်မှုကို အနှောင့်အယှက်ဖြစ်စေရန် ခြိမ်းခြောက်ဆန့်ကျင်သည့် စာများရေးသားထားခဲ့။
- အောင်မြေသာစံမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်းဝင်း၌ လက်လုပ်မိုင်း ၁ လုံး ပေါက်ကွဲခဲ့မှုကြောင့် ကျောင်းရှေ့လမ်းပေါ်မှ ဖြတ်သန်းသွားလာနေသူ အမျိုးသား ၁ ဦး တွင် မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့။
Add new comment