မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်အတွင်း အများပြည်သူလုံခြုံအေးချမ်းမှုရှိစေရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ဇူလိုင်လ ၁၅ ရက်တွင် PDF အကြမ်းဖက်အဖွဲ့များက ကျောက်အိုးကျေးရွာအတွင်းရှိ ဒေသခံပြည်သူများ၏ နေအိမ်များအား မီးရှို့ဖျက်ဆီးနေကြောင်း ပြည်သူ အချို့၏ သတင်းပေးပို့လာမှုကြောင့် သွားရောက်ခဲ့ရာ နေအိမ် ၈၀ လုံးခန့်မှာ မီးလောင်ပျက်စီးလျက်ရှိသည်ကို တွေ့ရှိရသဖြင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ကျေးရွာအတွင်း လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်စဉ် ကျေးရွာဘုန်းကြီးကျောင်းအနီး၌ PDF အကြမ်းဖက်သမားများ၏ လက်လုပ်သေနတ် ၁ လက်၊ လက်လုပ်စိန်ပြောင်း ၁ လက်၊ လက်လုပ်ဗုံး ၃ လုံး၊ လက်လုပ်မိုင်း ၂ လုံး၊ ဝါးညှပ်မိုင်း ၉၉ ချောင်း၊ လည်တိုဖိနပ် ၆ ရံ၊ လည်ရှည်ဖိနပ် ၁ ရံ၊ ယမ်းမှုန့် ၅၀ ကျပ်သား၊ ကန့်မှုန့် ၅၀ ကျပ်သား၊ ဓာတ်ခဲအကြီး (ဝါယာကြိုးတပ်လျက်) ၄ လုံး၊ ဘောစိ ၅၀၀ လုံးနှင့် အခြားဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့ပါသည်။
PDF အကြမ်းဖက်သမားများအနေဖြင့် ၎င်းတို့ကိုမထောက်ခံသည့် ကျေးရွာများတွင် ယခုကဲ့သို့ မကြာခဏတိုက်ခိုက်ဖျက်ဆီးလျက်ရှိသည့်အပြင် ဒေသခံပြည်သူများအား ခြိမ်းခြောက်အကြပ်ကိုင်၍ ဆက်ကြေးများကောက်ခံခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်းနှင့် ဒေသခံပြည်သူများ၏ နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်းများကို အသိတရားကင်းမဲ့စွာ လုပ်ဆောင်လျက်ရှိပြီး အဆိုပါ မီးလောင်/ မီးရှို့ဖျက်ဆီးမှုများအား လုံခြုံရေးတပ်ဖွဲ့ဝင်များမှ မီးရှို့သည့်အသွင်ဖြင့် သတင်းအမှားများ၊ လုပ်ကြံသတင်းများကို ပြည်ဖျက်မီဒီယာများမှ ထုတ်လွှင့်လျက်ရှိကြောင်း သိရှိရပါသည်။
ပြည်သူများ၏ နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့သည့် အကြမ်းဖက်သမားများအား အမြန်ဆုံးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၉-၇-၂၀၂၂)
- PDF အကြမ်းဖက်အဖွဲ့များက ပေါက်မြို့နယ်၊ ကျောက်အိုးကျေးရွာအတွင်းရှိ ဒေသခံပြည်သူများ၏ နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၈၀ လုံးခန့်မှာ မီးလောင်ပျက်စီးခဲ့။
- လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ကျေးရွာဘုန်းကြီးကျောင်းအနီး၌ PDF အကြမ်းဖက်သမားများ၏ လက်နက်ခဲယမ်းများနှင့် အခြားဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့။
Add new comment