ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း အင်ဂျင်နီယာပညာရေး အသိအမှတ် ပြုခြင်းဆိုင်ရာ နိုင်ငံတကာညီလာခံ (၂၀၂၂) အခမ်းအနားတက်ရောက်

ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ဇူလိုင်လ ၁၆ ရက်တွင် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီနှင့် ကမ္ဘာ့အင်ဂျင်နီယာအဖွဲ့ချုပ်၏ အင်ဂျင်နီယာပညာရေးကော်မတီတို့ပူးပေါင်း၍ မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ်ကျင်းပသည့် အင်ဂျင်နီယာပညာရေးအသိအမှတ်ပြုခြင်းဆိုင်ရာ နိုင်ငံတကာညီလာခံ (၂၀၂၂) အခမ်းအနားကို Hybrid စနစ်ဖြင့် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

အဆိုပါ ညီလာခံတွင် “အရည်အသွေးပြည့်ဝသည့် အင်ဂျင်နီယာပညာရေးမှသည် အနာဂတ်အင်ဂျင်နီယာပညာရပ်ဆီသို့”ဟူသော ခေါင်းစဉ်ဖြင့် ဇူလိုင် (၁၆) ရက်မှ (၁၇) ရက်အထိ (၂) ရက်တာ ကျင်းပမည်ဖြစ်ပြီး နိုင်ငံပေါင်း (၁၀) နိုင်ငံမှ ဂုဏ်ထူးဆောင်ဟောပြောသူများ တက်ရောက်ဆွေးနွေးပြီး ပြည်တွင်းနည်းပညာတက္ကသိုလ် များရှိ ဆရာ/ ဆရာမများက စာတမ်းများ ဖတ်ကြားခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၇-၇-၂၀၂၂)

  • ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီနှင့် ကမ္ဘာ့အင်ဂျင်နီယာအဖွဲ့ချုပ်၏ အင်ဂျင်နီယာပညာရေးကော်မတီတို့ ပူးပေါင်း၍ မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ်ကျင်းပသည့် အင်ဂျင်နီယာပညာရေးအသိအမှတ်ပြုခြင်းဆိုင်ရာ နိုင်ငံတကာညီလာခံ (၂၀၂၂) အခမ်းအနားကို Hybrid စနစ်ဖြင့် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့။

Add new comment