နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် Novosibirsk အစိုးရအဖွဲ့အကြီးအကဲနှင့် တွေ့ဆုံဆွေးနွေး၊ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Novosibirsk မြို့သို့ ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇူလိုင်လ ၁၆ ရက်တွင် Novosibirsk အစိုးရအဖွဲ့အကြီးအကဲ Mr. Andrey Alexandrovich Travnikov နှင့် အစိုးရအဖွဲ့ရုံး၌ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

တွေ့ဆုံဆွေးနွေးရာတွင်-

  • Novosibirsk ဒေသ၏ ပထဝီဆိုင်ရာအချက်အလက်များအရ စီးပွားရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများကို အောင်မြင်စွာဆောင်ရွက်နိုင်မည့်အခြေအနေများ၊ နှစ်နိုင်ငံ ပို့ကုန်၊ သွင်းကုန်များ အပြန်အလှန်တင်ပို့ဆောင်ရွက်နိုင်မည့်အခြေအနေများ။

  • ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ချိတ်ဆက်ဆောင်ရွက်နိုင်မည့်အခြေအနေများ၊ Novosibirsk နှင့် မြန်မာနိုင်ငံ တိုက်ရိုက်လေကြောင်းလိုင်း ပြေးဆွဲပျံသန်းနိုင်မည့် အခြေအနေများ။

  • Novosibirsk ဒေသတွင် နယ်ပယ်ကဏ္ဍအသီးသီးမှ အဆင့်မြင့်တက္ကသိုလ်ပေါင်း ၂၂ ခု ရှိပြီး နိုင်ငံခြားသားသင်တန်းသားများကိုပါ လက်ခံသင်ကြားပေးလျက်ရှိသည့်အတွက် ပညာရေးနယ်ပယ်တွင် မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေများ။

  • ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပမည့် သိပ္ပံနှင့်နည်းပညာဆိုင်ရာဖိုရမ်သို့ မြန်မာကိုယ်စားလှယ်အဖွဲ့စေလွှတ်ပေးနိုင်ရေးနှင့် သိပ္ပံနှင့်နည်းပညာကဏ္ဍအတွက် လေ့လာနိုင်ရေး စီစဉ်ဆောင်ရွက်ပေးမည့်အခြေအနေများ။

  • ယဉ်ကျေးမှုနယ်ပယ်တွင်လည်း အပြန်အလှန်ဖလှယ်ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို စစ်ဘက်၊ နယ်ဘက် ကဏ္ဍပေါင်းစုံ၌ တိုးမြှင့်ဆောင်ရွက်သွားမည့်အခြေအနေများနှင့်ပတ်သက်၍ ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့။

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ခရီးစဉ်တွင် လိုက်ပါလာသည့် ဇနီး ဒေါ်ကြူကြူလှနှင့် အဖွဲ့ဝင်များသည်လည်း Novosibirsk မြို့ Marriott Hotel အနီးရှိ ကမ္ဘာ့အကြီးဆုံး ပြဇာတ်ရုံများအနက်တစ်ခုဖြစ်သည့် ရှေးဟောင်းသမိုင်းဝင် Novosibirsk State Academic Opera and Ballet Theatre သို့ ရောက်ရှိလေ့လာကြရာ ပြဇာတ်ရုံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ပြဇာတ်ရုံဆိုင်ရာ အချက်အလက်များအား လိုက်လံရှင်းလင်းပြသခဲ့။

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ဝင်များသည် ဇူလိုင်လ ၁၆ ရက် ညပိုင်းတွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့။

ခရီးစဉ်အတွင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာလုဂါပြည်နယ်၊ အတနာမီကမ္ဘာ့ယဉ်ကျေးမှုမြို့တော်အတွင်းရှိ ရွှေစည်းခုံစေတီတော်ကြီး ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်တင်လှူပူဇော်ခြင်းနှင့် ဗုဒ္ဓါဘိသေကာအနေကဇာတင်မင်္ဂလာ အခမ်းအနားပြုလုပ်ခြင်း၊ စစ်ဘက်၊ အရပ်ဘက်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေးခြင်းတို့အပြင် ရုရှားဖက်ဒရေးရှင်းနိုင်ငံရှိ အထင်ကရနေရာများ၊ တက္ကသိုလ်များနှင့် စက်ရုံ၊ အလုပ်ရုံများသို့ သွားရောက်လေ့လာခဲ့ကြပြီး နှစ်နိုင်ငံအစိုးရနှင့် တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရေးနှင့် ယဉ်ကျေးမှုပူးပေါင်းဆောင်ရွက်မှုကဏ္ဍ၊ စစ်ဘက်နည်းပညာဆိုင်ရာကဏ္ဍ၊ သိပ္ပံနှင့်နည်းပညာကဏ္ဍ၊ သုတေသနလုပ်ငန်းကဏ္ဍ၊ လူစွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ၊ စီးပွားရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုကဏ္ဍ၊ ယဉ်ကျေးမှုကဏ္ဍနှင့် အခြားကဏ္ဍပေါင်းစုံတို့တွင် ပူး ပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ခိုင်မာအောင် ဆွေးနွေးဆောင်ရွက်နိုင်ခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၇-၇-၂၀၂၂)

  • တွေ့ဆုံဆွေးနွေးမှုတွင် Novosibirsk ဒေသ၏ ပထဝီဆိုင်ရာအချက်အလက်များအရ စီးပွားရေးဆိုင်ရာပူးပေါင်းဆောင်ရွက်နိုင်မည့်ခြေအနေများ၊ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ချိတ်ဆက်ဆောင်ရွက်နိုင်မည့်အခြေအနေများ၊ ပညာရေးနှင့် ယဉ်ကျေးမှုနယ်ပယ်တို့တွင် ပူးပေါင်းဆောင်ရွက် နိုင်မည့်အခြေအနေများ၊ သိပ္ပံနှင့် နည်းပညာဆိုင်ရာဖိုရမ်သို့ မြန်မာကိုယ်စားလှယ်အဖွဲ့စေလွှတ်ပေးနိုင်ရေးနှင့် သိပ္ပံနှင့် နည်းပညာကဏ္ဍအတွက် လေ့လာနိုင်ရေးစီစဉ်ဆောင်ရွက်ပေးမည့်အခြေအနေများ၊ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို စစ်ဘက်၊ နယ်ဘက်ကဏ္ဍပေါင်းစုံ၌ တိုးမြှင့် ဆောင်ရွက်သွားမည့် အခြေအနေများနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့။

Add new comment