ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး စစ်ကိုင်းတိုင်းဒေသကြီးရှိ အစိုးရအဖွဲ့ဝင်များ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်တာဝန်ရှိသူများ၊ နယ်မြေခံတပ်မှ အရာရှိစစ်သည်၊ မိသားစုဝင်များ၊ မြို့မိမြို့ဖများနှင့်တွေ့ဆုံ

နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် ဇူလိုင်လ ၁၃ ရက်တွင် ခန္တီးမြို့ရှိ နယ်မြေခံတပ်နယ်သို့လည်းကောင်း၊ ဇူလိုင် လ ၁၄ ရက်တွင် လဟယ်မြို့ရှိ နယ်မြေခံတပ်ရင်းသို့လည်းကောင်း သွားရောက်၍ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များကို တွေ့ဆုံအမှာစကားပြောကြားကာ တပ်နယ်မိသားစုများကို စားသောက်ဖွယ်ရာများနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးပစ္စည်းများ ပေးအပ်ခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ခန္တီးမြို့နှင့် လဟယ်မြို့တို့ရှိ မြို့မိမြို့ဖများ၊ ဒေသခံတိုင်းရင်းသားများ၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံ၍ တာဝန်ရှိသူများ၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအားတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဆောင်ရွက်ပေးကာ စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ပြီး တွေ့ဆုံပွဲသို့ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ခန္တီးမြို့၊ ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေကြသော ဒေသခံပြည်သူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးခဲ့ပြီး လဟယ်မြို့ရှိ အမျိုးသမီးအိမ်တွင်းမှုသက်မွေးပညာသင်တန်းကျောင်း၌ သင်တန်းသူများ ချုပ်လုပ်ထားသော အဝတ်အထည်များနှင့် လက်မှုပစ္စည်းများကို ကြည့်ရှု အားပေးခဲ့ကြပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၆-၇-၂၀၂၂)

  • ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ခန္တီးမြို့နှင့် လဟယ်မြို့တို့ရှိ နယ်မြေခံတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ မြို့မိမြို့ဖများ၊ ဒေသခံ တိုင်းရင်းသားများ၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများအား သွားရောက်တွေ့ဆုံအမှာစကားပြောကြားကာ လိုအပ်သည်များကို ဆောင်ရွက်ပေးခဲ့ပြီး  စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့။

Add new comment