စက်ပျက်၍ ရေဝင်နစ်မြုပ်မှုဖြစ်ပွားနေသည့် ကျားပိုက်ငါးဖမ်းလှေမှ လှေသားများအား တပ်မတော်စစ်ရေယာဉ်ဖြင့် ကူညီကယ်ဆယ်

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြစ်အတွင်း၌ ဇူလိုင်လ ၁၄ ရက်တွင် စက်ပျက်၍ ရေဝင်နစ်မြုပ်မှုဖြစ်ပွားနေသည့် ကျားပိုက်ငါးဖမ်းလှေမှ လှေသား ၂၂ ဦးအား နယ်မြေ လုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော်စစ်ရေယာဉ်မှ တပ်မတော်သားများက ကူညီကယ်ဆယ်ပေးခဲ့ကြောင်း သိရပါသည်။

 ရန်ကုန်မြစ်အတွင်း စက်ပျက်၍ ရေဝင်နစ်မြုပ်လျက်ရှိသည့် အိဖြိုးရတနာ (၃) အမည်ရှိ ကျားပိုက်ငါးဖမ်းလှေမှ လှေသား ၂၂ ဦးအား တပ်မတော်သားများက လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး အဝတ်အထည်နှင့် စားသောက်ဖွယ်ရာများ‌ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။(မြဝတီသတင်းစာ ၁၆-၇-၂၀၂၂)

  • ဇူလိုင်လ ၁၄ ရက်တွင် စက်ပျက်၍ ရေဝင်နစ်မြုပ်မှုဖြစ်ပွားနေသည့် ကျားပိုက်ငါးဖမ်းလှေမှ လှေသား ၂၂ ဦးအား နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော်စစ်ရေယာဉ်မှ တပ်မတော်သားများက လိုအပ်သည့် ကူညီကယ်ဆယ်လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့။

Add new comment