နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စိန့်ပီတာစဘတ်အစိုးရအဖွဲ့အကြီးအကဲနှင့် တွေ့ဆုံဆွေးနွေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇူလိုင် ၁၄ ရက်တွင် စိန့်ပီတာစဘတ်မြို့အစိုးရအဖွဲ့အကြီးအကဲ Mr.Alexander Beglov နှင့် ၎င်းတို့အစိုးရအဖွဲ့ရုံး၌ တွေ့ဆုံဆွေးနွေးခဲ့ရာတွင်-

  • စိန့်ပီတာစဘတ်မြို့ အခြေစိုက်ကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံရှိ စိုက်ပျိုးရေးလုပ်ငန်းများတွင် လာရောက်ပူးပေါင်းဆောင်ရွက်လိုသည့်အခြေအနေများ၊ ကျန်းမာရေးစောင့်ရှောက်မှုနယ်ပယ်၊ ပညာရေးနယ်ပယ်၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုနယ်ပယ်၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနယ်ပယ်၊ ဘာသာသာသနာ ထွန်းကားပြန့်ပွားရေးအတွက် ယဉ်ကျေးမှုဖလှယ်ရေးရာနယ်ပယ် စသည်ဖြင့် နယ်ပယ်ပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်နိုင်မည့်အခြေအနေများ။
  • မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုအခြေအနေများနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ရှေ့လုပ်ငန်းစဉ် ၅ ရပ်၊ ဦးတည်ချက် ၉ ရပ်အပြင် ကောင်းမွန်သည့်မူဝါဒများချမှတ်၍  နိုင်ငံတော်အေးချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လျက်ရှိသည့်အခြေအနေများ။
  • ရုရှားဖက်ဒရေးရှင်းနိုင်ငံအနေဖြင့် အမျိုးသားအကျိုးစီးပွား ကာကွယ်စောင့်ရှောက်ရေးအတွက် ဆောင်ရွက်နေသည့်အခြေအနေများ၊ စိန့်ပီတာစဘတ်မြို့တွင် မြန်မာနိုင်ငံဆိုင်ရာ ကောင်စစ်ဝန်ချုပ်ရုံး ဖွင့်လှစ်နိုင်ရေး အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်သွားမည့် အခြေအနေများ။
  • state level ၊ regional level ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် နှစ်နိုင်ငံနိုင်ငံတော်အဆင့် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့်ခိုင်မာအောင် ဆောင်ရွက်နိုင်မည်ဖြစ်သည့်အခြေအနေများနှင့်ပတ်သက်၍ ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီဝင် မန်းငြိမ်းမောင်၊ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့် ခရီးစဉ်တွင်လိုက်ပါလာသည့် စစ်ဘက်၊ နယ်ဘက်မှ အရာရှိကြီးများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးလွင်ဦး၊ စစ် သံမှူး ဗိုလ်မှူးချုပ်မိုးကျော်တို့တက်ရောက်ကြပြီး စိန့်ပီတာစဘတ်မြို့အစိုးရအဖွဲ့ အကြီးအကဲနှင့်အတူ ရုရှား-မြန်မာ ချစ်ကြည်ရေးအသင်း ဒုတိယဥက္ကဋ္ဌနှင့် စိန့်ပီတာ စဘတ်မြို့အစိုးရအဖွဲ့ဝင်အရာရှိကြီးများ တက်ရောက်ခဲ့ကြပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၆-၇-၂၀၂၂)

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စိန့်ပီတာစဘတ်မြို့အစိုးရအဖွဲ့အကြီးအကဲ Mr.Alexander Beglov နှင့် ၎င်းတို့အစိုးရအဖွဲ့ရုံး၌ တွေ့ဆုံဆွေးနွေးခဲ့။
  • စိန့်ပီတာစဘတ်မြို့ အခြေစိုက်ကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံရှိ စိုက်ပျိုးရေးလုပ်ငန်းများတွင် လာရောက်ပူးပေါင်းဆောင်ရွက်လိုသည့်အခြေအနေများ။
  • စိန့်ပီတာစဘတ်မြို့တွင် မြန်မာနိုင်ငံဆိုင်ရာ ကောင်စစ်ဝန်ချုပ်ရုံး ဖွင့်လှစ်နိုင်ရေး အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်သွားမည့်အခြေအနေများ။
  • state level regional level ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် နှစ်နိုင်ငံနိုင်ငံတော်အဆင့် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့်ခိုင်မာအောင် ဆောင်ရွက်နိုင်မည်ဖြစ်သည့်အခြေအနေများနှင့်ပတ်သက်၍ ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့။

Add new comment