ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရေထွက်ကုန်နှင့် ပို့ကုန်များ G to G စနစ်ဖြင့် ဖော်ဆောင်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိ

မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့လျက်ရှိသည့် ရေထွက်ကုန်နှင့် အခြားပို့ကုန်များကို နယ်စပ်ဂိတ်များမှ ကုန်သွယ်မှုထက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တိုက်ရိုက်တင်ပို့သော G to G စနစ်ကို ဖော်ဆောင်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ-

  • မြန်မာနိုင်ငံမှရေထွက်ကုန်နှင့် အခြားသောပို့ကုန်များ တိုက်ရိုက်တင်ပို့နိုင်ရန် စစ်တွေမြို့ရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကောင်စစ်ဝန်နှင့် ရခိုင်ပြည်နယ်အစိုးရတာဝန်ရှိသူများ ဇူလိုင် ၂၀ ရက် နောက်ပိုင်း၌  ထပ်မံတွေ့ဆုံဆွေးနွေးရန် စီစဉ်လျက်ရှိပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် နှစ်နိုင်ငံ G to G ကုန်သွယ်မှုဆောင်ရွက်ရန် ဇွန်လပိုင်းကလည်း ကနဦးတွေ့ဆုံမှုတွင် ဆွေးနွေးထား။
  • မြန်မာနိုင်ငံနယ်စပ်ဂိတ်တို့တွင် ပို့ကုန်သွင်းကုန်များ အပြန်အလှန်တင်သွင်းလေ့ရှိသော်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးတွင် မြန်မာပြည်မှပို့ကုန်သာရှိ၍ သွင်းကုန်နည်းပါးသည့်အတွက် ပို့ကုန်ကဏ္ဍဖြင့် ဝင်ငွေခိုင်မာစွာရရှိသော နယ်စပ်ကုန်သွယ်ရေးတစ်ခုအဖြစ် ရပ်တည်လျက်ရှိ။

နှစ်နိုင်ငံ G to G ၏ ကုန်သွယ်မှု အဆင်ပြေပါက ရေထွက်ကုန်နှင့် ကုန်ခြောက်ပစ္စည်းများအပြင် နွား၊ သစ်နှင့် အခြားသောကုန်ပစ္စည်းများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဝယ်ယူရန် အသင့်ရှိနေပြီး ရေကြောင်းကုန်သွယ်မှုမှ နှစ်နိုင်ငံစီးပွားရေးအတွက် အထောက်အပံ့ကောင်းများ ပေါ်ထွန်းလာစေမည်ဖြစ်ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၅-၇-၂၀၂၂)

  • မြန်မာနိုင်ငံမှရေထွက်ကုန်နှင့် အခြားသောပို့ကုန်များ တိုက်ရိုက်တင်ပို့နိုင်ရန် စစ်တွေ မြို့ရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကောင်စစ်ဝန်နှင့် ရခိုင်ပြည်နယ်အစိုးရတာဝန်ရှိသူများ ဇူလိုင် ၂၀ ရက် နောက်ပိုင်း၌  ထပ်မံတွေ့ဆုံဆွေးနွေးရန် စီစဉ်လျက်ရှိ။
  • နှစ်နိုင်ငံ G to G ၏ ကုန်သွယ်မှု အဆင်ပြေပါက ရေထွက်ကုန်နှင့် ကုန်ခြောက်ပစ္စည်းများအပြင် နွား၊ သစ်နှင့် အခြားသောကုန်ပစ္စည်းများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဝယ်ယူရန် အသင့်ရှိနေပြီး ရေကြောင်းကုန်သွယ်မှုမှ နှစ်နိုင်ငံစီးပွားရေးအတွက် အထောက်အပံ့ကောင်းများ ပေါ်ထွန်းလာစေမည်ဖြစ်။

Add new comment