ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး စစ်ကိုင်းတိုင်းဒေသကြီးရှိ အစိုးရအဖွဲ့ဝင်များ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်တာဝန်ရှိသူများ၊ နယ်မြေခံတပ်မှ အရာရှိစစ်သည်၊ မိသားစုဝင်များ၊ မြို့မိမြို့ဖများနှင့်တွေ့ဆုံ

နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် ဇူလိုင်လ ၁၃ ရက်တွင် ခန္တီးမြို့သို့ရောက်ပြီး နယ်မြေခံတပ်နယ်သို့ သွားရောက်၍ တပ်နယ်ခန်းမ၌ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များကို တွေ့ဆုံအမှာစကား ပြောကြားကာ တပ်နယ်မိသားစုများကို စားသောက်ဖွယ်ရာများနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးပစ္စည်းများ ပေးအပ်ခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ခန္တီးတပ်နယ်ရှိ  မြို့မိ မြို့ဖများ၊ ဒေသခံတိုင်းရင်းသားများ၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်တွေ့ဆုံ၍ တာဝန်ရှိသူများ၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအားတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဆောင်ရွက်ပေးကာ စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ပြီး  တွေ့ဆုံပွဲ အခမ်းအနားများသို့ တက်ရောက်လာကြသူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ခန္တီးမြို့၊ ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေကြသော ဒေသခံပြည်သူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးပြီး ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)ကျောင်းတိုက်သို့ သွားရောက်ကာ ဆရာတော်ကြီးများအား ဖူးမျှော်ကြည်ညို၍ ဝတ္ထုငွေနှင့် လှူဖွယ်ပစ္စည်းများအား ဆက်ကပ် လှူဒါန်းခဲ့ ကြောင်းသိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၄-၇-၂၀၂၂)

  • ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ခန္တီးမြို့၊ နယ်မြေခံတပ်နယ်ရှိ  အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ မြို့မိမြို့ဖများ၊ ဒေသခံတိုင်းရင်းသားများ၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများအား သွားရောက်တွေ့ဆုံအမှာစကားပြောကြားကာ လိုအပ်သည်များကို ဆောင်ရွက်ပေးခဲ့ပြီး  စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့။

Add new comment