ခရီးသည်မော်တော်ယာဉ်များအား PDF အကြမ်းဖက်သမားများက လက်လုပ်မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်

နိုင်ငံရေးအစွန်းရောက် PDF အကြမ်းဖက်အဖွဲ့များအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်ရည်ရွယ်၍ ပြည်သူလူထုအပေါ် အကြောက်တရားဖြင့် လွှမ်းမိုးလျက် စစ်ရေးပစ်မှတ်မဟုတ်သည့် အပြစ်မဲ့ပြည်သူများနေထိုင်ရာ မြို့၊ ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက် ခြင်း၊ လမ်းမကြီးများပေါ်၌ မောင်းနှင်သွားလာနေသည့် မော်တော်ယာဉ်များအား မိုင်းဆွဲတိုက်ခိုက်ခြင်း၊ လမ်းတံတားများအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းများအား အကြောင်းမဲ့ပြုလုပ်ကာ အပြစ်မဲ့ပြည်သူများ၏ အသက်အန္တရာယ် ထိခိုက်သေကြေနိုင်သည်အထိ အကြမ်းဖက်မှုများအား ကျူးလွန်လျက်ရှိပါသည်-

  • ဇူလိုင်လ ၁၂ ရက်တွင် မြစ်ကြီးနားမြို့မှ မန္တလေးမြို့သို့ ပြေးဆွဲသည့် ခရီးသည်တင်ယာဉ်သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ရွှေဘို-မြစ်ကြီးနား ကားလမ်းဘေးရှိ ယာဉ်စစ်ဆေးရေးဂိတ်၌ စစ်ဆေးမှုခံယူနေစဉ် PDF အကြမ်းဖက်အဖွဲ့က ထောင်ထားသည့် လက်လုပ်မိုင်းပေါက်ကွဲမှုကြောင့် ယာဉ်ပေါ်ပါ ခရီးသည် အမျိုးသမီးတစ်ဦးမှာ ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ပြီး ကျန်ခရီးသည် ၇ ဦးတို့တွင် မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့။
  • တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့မှ ထားဝယ်မြို့သို့ ဦးအောင်ကိုဦး မောင်းနှင်လာသည့် ရွှေဝယ်မင်း ခရီးသည်တင်မော်တော်ယာဉ်အား ထားဝယ်-မြိတ်သွား ကားလမ်း မိုင်တိုင်အမှတ်(၁၀၁/၁)နှင့် (၁၀၁/၂)အကြား၌ PDF အကြမ်းဖက်သမားများက လက်လုပ်မိုင်း ၁ လုံး ဖောက်ခွဲတိုက်ခိုက်ခဲ့သဖြင့် ယာဉ်မောင်း အပါအဝင် ခရီးသည် ၄ ဦး ထိခိုက်ဒဏ်ရာရရှိ၍ မော်တော်ယာဉ်ရှေ့ ဝင်ပေါက်တံခါးမှန်များ မိုင်းစထိမှန်ပျက်စီးခဲ့။

အထက်ပါဖြစ်စဉ်များအားကျူးလွန်ခဲ့သည့် PDF အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ လိုအပ်သည်များ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။       

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၄-၇-၂၀၂၂)

  • မြစ်ကြီးနားမြို့မှ မန္တလေးမြို့သို့ပြေးဆွဲသည့် ခရီးသည်တင်ယာဉ်သည် ရွှေဘို-မြစ်ကြီးနား ကားလမ်းဘေးရှိ ယာဉ်စစ်ဆေးရေးဂိတ်၌ စစ်ဆေးမှုခံယူနေစဉ် PDF အကြမ်းဖက်အဖွဲ့က ထောင်ထားသည့် လက်လုပ်မိုင်းပေါက်ကွဲမှုကြောင့် ယာဉ်ပေါ်ပါခရီးသည် အမျိုးသမီးတစ်ဦးမှာ ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ပြီး ကျန်ခရီးသည် ၇ ဦးတို့တွင် မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့။
  • ရွှေဝယ်မင်း ခရီးသည်တင်မော်တော်ယာဉ်အား PDF အကြမ်းဖက်သမားများက လက်လုပ်မိုင်း ၁ လုံး ဖောက်ခွဲတိုက်ခိုက်ခဲ့သဖြင့် ယာဉ်မောင်းအပါအဝင် ခရီးသည် ၄ ဦး ထိခိုက်ဒဏ်ရာရရှိ၍ မော်တော်ယာဉ်ရှေ့ ဝင်ပေါက်တံခါးမှန်များ မိုင်းစထိမှန်ပျက်စီးခဲ့။

Add new comment