ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ သည် ဇူလိုင်လ ၁၃ ရက်တွင် Republic of the Tatarstan ၊ ကာဇန်မြို့ရှိ Kazan Federal University သို့ သွားရောက် လေ့လာခဲ့ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ကိုယ်စားလှယ်အဖွဲ့ ဝင်များသည်-
- Kazan Federal University(Kazan State University)သို့ ရောက်ရှိကြရာ တက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ် Mr.Timirkhan Alishev နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြပြီး တက္ကသိုလ်အတွင်းလှည့်လည်၍ Meeting Hall များ၊ စာသင်ခန်းမများ၊ ဘွဲ့နှင်းသဘင်ခန်းမနှင့် တက္ကသိုလ်တွင် တာဝန် ထမ်းဆောင်ခဲ့သည့် ပါမောက္ခများ၊ ထူးချွန်သူများ၏ မှတ်တမ်းဓာတ်ပုံများ ခင်းကျင်းပြသထားရှိမှုများ၊ တက္ကသိုလ်သမိုင်းအကျဉ်း၊ ဌာနအလိုက် ဖွဲ့စည်းထားရှိမှုများ၊ တက္ကသိုလ်မှ သင်ကြားပေးနိုင်သည့် ဘာသာရပ်များ၊ ကျောင်းသား၊ ကျောင်းသူများအတွက် နေထိုင်စားသောက်မှု အဆင်ပြေစေရေး စီစဉ် ဆောင်ရွက်ပေးထားရှိမှုများ၊ နိုင်ငံခြားမှ ပညာတော်သင် ကျောင်းသား၊ ကျောင်းသူများ လက်ခံထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေး ပြောကြားခဲ့။
- တက္ကသိုလ်မှဒုတိယပါမောက္ခချုပ်နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ်တို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ပြီးနောက် Kazan Federal University အတွင်း လှည့်လည်ကြည့်ရှုလေ့လာခဲ့ရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့။
Kazan Federal University ကို Imperial Kazan တက္ကသိုလ်အဖြစ် ၁၈၀၄ ခုနှစ် တွင် စတင်တည်ထောင်ခဲ့ပြီး ထင်ရှားကျော်ကြားသည့် နက္ခတ္တဗေဒပညာရှင် Nikolai Ivanovich Lobachevsky က ၁၈၃၇ မှ ၁၈၇၆ ခုနှစ်အထိ ပါမောက္ခချုပ်တာဝန်ထမ်းဆောင်ခဲ့ကြောင်း၊ အော်ဂဲနစ်ဓာတုဗေဒပညာရပ်နှင့် Electron Spin Resonance အား ရှာဖွေတွေ့ရှိရာ နေရာအဖြစ် ထင်ရှားကျော်ကြားခဲ့ကြောင်း၊ Kazan တက္ကသိုလ်သည် ၂၀၁၁ ခုနှစ်တွင် Federal အဆင့်သို့ ချီးမြှင့်ခံခဲ့ရပြီး ရုရှားနိုင်ငံအစိုးရမှ ကျင်းပပြုလုပ်သည့် Project 5-100 ၌ ပါဝင်ခဲ့သည့် တက္ကသိုလ် ၁၈ ခုအနက် တစ်ခုအပါအဝင်ဖြစ်ကြောင်း၊ ဇီဝဆေးပညာနှင့် ဆေးဝါးပညာရပ်၊ ရေနံ သန့်စင်မှုနှင့် ထုတ်လုပ်မှုပညာရပ်၊ ဆက်သွယ်ရေးနှင့် အာကာသနည်းပညာဆိုင်ရာပညာရပ်နှင့် လူမှုရေးသိပ္ပံပညာရပ်တို့ကို အထူးပြုသင်ကြားလျက်ရှိကြောင်းနှင့် ၂၀၂၀ ပြည့်နှစ်အရ နိုင်ငံခြားကျောင်းသားအရေအတွက် ၁၀၀၀၀ ကျော်ရှိခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၄-၇-၂၀၂၂)
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ဇူလိုင်လ ၁၃ ရက်တွင် Republic of the Tatarstan ၊ ကာဇန်မြို့ရှိ Kazan Federal University သို့ သွားရောက်လေ့လာခဲ့။
- Kazan တက္ကသိုလ်သည် ရုရှားအစိုးရမှ ကျင်းပပြုလုပ်သည့် Project 5-100 ၌ ပါဝင်ခဲ့သည့် တက္ကသိုလ် ၁၈ ခုအနက် တစ်ခုအပါအဝင်ဖြစ်ကြောင်း၊ ဇီဝဆေးပညာနှင့် ဆေးဝါးပညာရပ်၊ ရေနံသန့်စင်မှုနှင့် ထုတ်လုပ်မှုပညာရပ်၊ ဆက်သွယ်ရေးနှင့် အာကာသနည်းပညာဆိုင်ရာပညာရပ်နှင့် လူမှုရေးသိပ္ပံ ပညာရပ်တို့ကို အထူးပြုသင်ကြားလျက်ရှိကြောင်းနှင့် ၂၀၂၀ ပြည့်နှစ်အရ နိုင်ငံခြားကျောင်းသားအရေအတွက် ၁၀၀၀၀ ကျော်ရှိ။
Add new comment