မြစ်သားမြို့နယ်၊ တဲကြီးကျေးရွာရှိ ကျောင်းထိုင်ဆရာတော် ဥူးကုသလအား PDF အကြမ်းဖက်သမားများက ဒလန်ဟုစွပ်စွဲကာ သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်

ဇူလိုင်လ ၁၁ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၊ တဲကြီးကျေးရွာရှိ “စိတ္တသုခ” ဘုန်းကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော် ဥူးကုသလ သက်တော်(၅၅)နှစ်၊ ဝါတော်(၃၅)သည် ကျောင်း၌သီတင်းသုံးနေထိုင်စဉ် PDF အကြမ်းဖက်သမား ၄ ဦးက ကျောင်းဝင်းအတွင်းသို့ ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာပြီး ဆရာတော်အား “ဒလန်” ဟုစွပ်စွဲကာ သေနတ်ဖြင့်ပစ်ခတ်ခဲ့သဖြင့် ဆရာတော်၏ လည်ပင်း၌ ကျည်ထိမှန်ဒဏ်ရာတစ်ချက်ရရှိကာ ပျံလွန်တော်မူခဲ့ပါသည်။

NUG အဖွဲ့၏စေခိုင်းချက်အရ PDF အကြမ်းဖက်သမားများသည် ငါနဲ့မတူ ငါ့ရန်သူ အယူအဆဖြင့် ၎င်းတို့ကို မထောက်ခံသည့် အပြစ်မဲ့ပြည်သူများအား ရက်ရက်စက်စက် လက်နက်အားကိုး၍ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည့်အပြင် ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များကို ထောက်ခံခြင်းမရှိသည့် ဘုန်းကြီးကျောင်းများကို မီးရှို့ဖျက်ဆီးခြင်း၊ ဗုဒ္ဓသာသနာပြန့်ပွားရေး သာသနာ့တာဝန်ထမ်းဆောင်နေသော ဘုရားသားတော်များအား အကြောင်းမဲ့ရက်ရက်စက်စက် ဖမ်းဆီးသတ်ဖြတ်ခြင်းများသည် မြန်မာလူမျိုးအများစု၏ ကိုးကွယ်ယုံကြည်ရာဖြစ်သော ဗုဒ္ဓဘာသာသာသနာတော် ညှိုးနွမ်းပျက်စီးစေခြင်းနှင့် အများပြည်သူ အထိတ်တလန့်ဖြစ်စေခြင်း တို့ကြောင့် ပြည်သူတစ်ရပ်လုံးက စက်ဆုပ်ရွံရှာ၍ နာကျည်းမုန်းတီးလျက်ရှိပါသည်။

အကြမ်းဖက်သမားများ၏ အကြောင်းမဲ့အကြမ်းဖက်သတ်ဖြတ်မှုကြောင့် နိုင်ငံတော်အတွင်း သံဃာတော် ၅၁ ပါးနှင့် သီလရှင်ဆရာကြီး ၁ ပါးတို့ ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ပြီးဖြစ်ပါသည်။ အထက်ပါဖြစ်စဉ်မှ ဆရာတော်အား သတ်ဖြတ်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

(မြဝတီသတင်းစာ ၁၃-၇-၂၀၂၂)

  • စိတ္တသုခ” ဘုန်းကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော် ဥူးကုသလအား PDF အကြမ်းဖက်သမားများက “ဒလန်” ဟုစွပ်စွဲကာ သေနတ်ဖြင့်ပစ်ခတ်ခဲ့သဖြင့် ဆရာတော်၏ လည်ပင်း၌ ကျည်ထိမှန်ဒဏ်ရာရရှိကာ ပျံလွန်တော်မူခဲ့။
  • အကြမ်းဖက်သမားများ၏ အကြောင်းမဲ့အကြမ်းဖက်သတ်ဖြတ်မှုကြောင့် နိုင်ငံတော်အတွင်း သံဃာတော် ၅၁ ပါးနှင့် သီလရှင်ဆရာကြီး ၁ ပါးတို့ ဘဝနတ်ထံ ပျံလွန်တော်မူခဲ့။

 

Add new comment