PDF အကြမ်းဖက်သမားများက ပညာရေးကဏ္ဍမြင့်မားရေးကို နှောင့်ယှက်ဖျက်ဆီး

NUG အဖွဲ့၏ အလုံးစုံပျက်သုဉ်းရေးလမ်းစဉ်အရ PDF အကြမ်းဖက်သမားများသည် စာသင်ကျောင်းများ ဖွင့်လှစ်ပေးလျက်ရှိသည်ကို လိုလားမှုမရှိသဖြင့် ပညာရေးကဏ္ဍအတွက် အဓိကကျသော အခြေခံအဆောက်အဦများဖြစ်သည့် စာသင်ကျောင်းများနှင့် တက္ကသိုလ်များအား အဓိကပစ်မှတ်ထားတိုက်ခိုက်လျက်ရှိရာ-

  • · ဇူလိုင်လ ၁၀ ရက်တွင် ချင်းပြည်နယ်၊ ဟားခါးမြို့နယ်ရှိ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းအား အကြမ်းဖက်သမားများက ကျောင်းဝင်းအတွင်း ဝင်ရောက်၍ ကျောင်းဆောင်များနှင့် ကျောင်းဆောင်အတွင်းရှိ ပစ္စည်းများအား ဖျက်ဆီးခဲ့သဖြင့် ကျောင်းဆောင်  ၅ ဆောင်ရှိ ပြတင်းပေါက်မှန် ၁၈၅ ချပ်၊ တံခါးမကြီး ၁ ခု၊ မေးခွန်းတိုက် ၁ လုံး၊ ကျောင်းအုပ်ကြီးရုံးခန်းရှိ မိတ္တူကူးစက် ၁ လုံး၊   CCTV ကင်မရာ ၂ လုံး၊ ဆိုဖာထိုင်ခုံ၊ စားပွဲ ၂ လုံး၊ စုစုပေါင်းတန်ဖိုးငွေ ၁,၆၀၇,၅၀၀ ကျပ်ခန့် ပျက်စီးဆုံးရှုံးခဲ့။
  • · မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်ရှိ နိုင်ငံခြားဘာသာတက္ကသိုလ်ဝင်းအတွင်းသို့ အကြမ်းဖက်သမားများက လက်ပစ်ဗုံး ၁လုံးဖြင့် ပစ်ပေါက်ထွက်ပြေးခဲ့ရာ ဂိတ်အနီးသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ဂိတ်မှန်ပြူတင်းပေါက်မှန်များ ကွဲအက်ပျက်စီးခဲ့။
  • PDF အကြမ်းဖက်သမားများသည် ကျောင်းသား/ သူများ အေးချမ်းစွာပညာသင်ကြားနိုင်ခြင်းမရှိစေရန် စာသင်ကျောင်းများအား လက်လုပ်မိုင်းများဖြင့်တိုက်ခိုက်ခြင်းနှင့် မီးရှို့ဖျက်ဆီးခြင်းများကို ပြုလုပ်လျက်ရှိရာ ဇူလိုင်လ ၁၂ ရက်ထိ မီးရှို့ဖျက်ဆီးမှု ၁၃၇ ကြိမ်၊ ဗုံးဖေါက်ခွဲမှု ၃၉၉ ကြိမ် ရှိပြီဖြစ်ကြောင်းနှင့် အဆိုပါအကြမ်းဖက်မှုလုပ်ရပ်များကို အများပြည်သူမှ လက်ခံနိုင်ခြင်းမရှိဘဲ ပြစ်တင်ရှုတ်ချလျက်ရှိကြောင်း သိရှိရပါသည်။

ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။

(မြဝတီသတင်းစာ ၁၂-၇-၂၀၂၂)

  • ဟားခါးမြို့နယ်ရှိ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်းအား အကြမ်းဖက်သမားများက ကျောင်းဝင်းအတွင်း ဝင်ရောက်၍ ကျောင်းဆောင်များနှင့် ကျောင်းဆောင်အတွင်းရှိ ပစ္စည်းများအား ဖျက်ဆီးခဲ့ရာ စုစုပေါင်းတန်ဖိုးငွေ ၁,၆၀၇,၅၀၀ ကျပ်ခန့် ပျက်စီးဆုံးရှုံးခဲ့။
  • အောင်မြေသာစံမြို့နယ်ရှိ နိုင်ငံခြားဘာသာတက္ကသိုလ်ဝင်းအတွင်းသို့ အကြမ်းဖက်သမားများက လက်ပစ်ဗုံးဖြင့် ပစ်ပေါက်ထွက်ပြေးခဲ့ရာ ဂိတ်အနီးသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ဂိတ်မှန်ပြူတင်းပေါက်မှန်များ ကွဲအက်ပျက်စီးခဲ့။
  • PDF အကြမ်းဖက်သမားများ၏ စာသင်ကျောင်းများအား လက်လုပ်မိုင်းများဖြင့်တိုက်ခိုက်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်းများအား ဇူလိုင်လ ၁၂ ရက်ထိ မီးရှို့ဖျက်ဆီးမှု ၁၃၇ ကြိမ်၊ ဗုံးဖေါက်ခွဲမှု ၃၉၉ ကြိမ် ရှိပြီဖြစ်။

 

Add new comment