Asean+ Police Music Festival သို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် ရဲလေ့ကျင့်ရေးဌာနကြီး ရဲတီးဝိုင်းနှင့် ဖျော်ဖြေရေးဌာနခွဲမှ သွားရောက်ဖျော်ဖြေ

ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တွင် ကျင်းပပြုလုပ်သော Asean+ Police Music Festival သို့ သွားရောက်ဖျော်ဖြေရန် ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲလေ့ကျင့်ရေးဌာနကြီး၊ ရဲတီးဝိုင်းနှင့် ဖျော်ဖြေရေးဌာနခွဲမှ ဒုတိယရဲမှူးကြီး ဇော်နိုင်ထွန်း ဦးစီးဖျော်ဖြေရေးအဖွဲ့ ၃၆ ဦးသည် ဇူလိုင် ၇ ရက်တွင် မြန်မာအမျိုးသား လေကြောင်းလိုင်း အထူးလေယာဉ်ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှထွက်ခွာခဲ့ပါသည်။

  • · ဇူလိုင် ၈ ရက်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် ရဲတီးဝိုင်းနှင့်ဖျော်ဖြေရေးအဖွဲ့သည် ဗီယက်နမ်၊ ဘရူနိုင်း၊ လာအို၊ ဖိလစ်ပိုင်၊ တရုတ်၊ ဂျပန်တို့နှင့်အတူ Outdoor Concert တွင် ဖျော်ဖြေမည့် သီချင်းနှစ်ပုဒ်အား စုပေါင်းတီးမှုတ် လေ့ကျင့်ဆောင်ရွက်ခဲ့ပြီး တက်ရောက်လာသော နိုင်ငံအသီးသီးမှ ရဲတီးဝိုင်း တာဝန်ခံကိုယ်စားလှယ်များလုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ပြီးနောက် Ly Thai To ရင်ပြင်၌ ဖွင့်ပွဲအခမ်းအနားနှင့် လမ်းလျှောက်ချီတက်ဖျော်ဖြေမှု အစမ်းလေ့ကျင့်ခြင်းအား တက်ရောက်လာသောနိုင်ငံများအလိုက် လေ့ကျင့်ဆောင်ရွက်ခဲ့။
  • · ဇူလိုင် ၉ ရက်တွင် ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့ King Ly Thai To ရုပ်တုရှေ့တွင် ကျင်းပပြုလုပ်သော Asean+ Police Music Festival ဖွင့်ပွဲအခမ်းအနားနှင့် ဗီယက်နမ်နိုင်ငံ ပြည်သူ့ရဲတပ်ဖွဲ့၏ နှစ်(၆၀)ပြည့် နှစ်ပတ်လည်အခမ်းအနားသို့ အိမ်ရှင် ဗီယက်နမ်၊ ဘရူနိုင်း၊ လာအို၊ ဖိလစ်ပိုင်၊ တရုတ်နှင့် ဂျပန်တို့မှ ရဲတပ်ဖွဲ့တီးဝိုင်းများနှင့်အတူ တက်ရောက်ခဲ့ပြီး Mini Concert ဖျော်ဖြေခြင်း၊ Hoan Kiem Lake (ဟုမ်းကီယမ်ရေကန်) ပတ်လမ်းတစ်လျှောက်ရှိ ပြည်သူလူထုအား ချီတက်ဖျော်ဖြေခြင်းများဆောင်ရွက်ခဲ့။
  • · ဇူလိုင် ၁၀ ရက်တွင် ဟနွိုင်းမြို့ King Ly Thai To ရင်ပြင်၌ Outdoor Concert အစမ်းလေ့ကျင့်တီးမှုတ်ခြင်းနှင့် Outdoor Concert ဖျော်ဖြေပွဲအခမ်းအနားအား တက်ရောက်လာသည့်နိုင်ငံများမှ အလှည့်ကျတီးမှုတ်ဖျော်ဖြေခြင်းများ ဆောင်ရွက်ခဲ့ပြီး အဆိုပါဖျော်ဖြေပွဲသို့ ဗီယက်နမ်နိုင်ငံ ဒုတိယသမ္မတ Mrs. Dang Thi Ngoc Thinh၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနဝန်ကြီး ဗိုလ်ချုပ် To Lam နှင့် ဌာနဆိုင်ရာအကြီးအကဲများတက်ရောက်ချီးမြှင့်ခဲ့ပြီး ဗီယက်နမ်ပြည်သူလူထုတို့ကလည်း အားပေးကြည့်ရှုခဲ့။
  • · ဇူလိုင် ၁၁ ရက်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် ရဲတီးဝိုင်းနှင့်ဖျော်ဖြေရေးအဖွဲ့သည် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့။

အဆိုပါဖျော်ဖြေရေးတပ်ဖွဲ့ဝင်များ မြန်မာနိုင်ငံမှ ဗီယက်နမ်နိုင်ငံသို့ ထွက်ခွာချိန်နှင့် ဗီယက်နမ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိချိန်များတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် ရဲလေ့ကျင့်ရေးဌာနကြီးမှ ရဲလေ့ကျင့်ရေးအရာရှိချုပ်၊ အမှတ်(၂)လုံခြုံရေးရဲကွပ်ကဲမှုအဖွဲ့မှူး၊ ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးနှင့် တာဝန်ရှိသူ ရဲအရာရှိကြီးများက လိုက်ပါပို့ဆောင်နှုတ်ဆက်ခြင်းနှင့် ပြန်လည်ကြိုဆိုခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

(မြဝတီသတင်းစာ ၁၃-၇-၂၀၂၂)

  • ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တွင် ကျင်းပပြုလုပ်သော Asean+ Police Music Festival သို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ် ရဲလေ့ကျင့်ရေးဌာနကြီး ရဲတီးဝိုင်းနှင့် ဖျော်ဖြေရေးဌာနခွဲမှ ဒုတိယရဲမှူးကြီးဇော်နိုင်ထွန်း ဦးစီးဖျော်ဖြေရေး အဖွဲ့ ၃၆ ဦး သွားရောက်ဖျော်ဖြေခဲ့။
  • မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် ရဲတီးဝိုင်းနှင့်ဖျော်ဖြေရေးအဖွဲ့သည် Asean+ Police Music Festival ဖွင့်ပွဲအခမ်းအနားနှင့် ဗီယက်နမ်နိုင်ငံ ပြည်သူ့ရဲတပ်ဖွဲ့၏ နှစ်(၆၀)ပြည့် နှစ်ပတ်လည်အခမ်းအနားသို့ အိမ်ရှင် ဗီယက်နမ်၊ ဘရူနိုင်း၊ လာအို၊ ဖိလစ်ပိုင်၊ တရုတ်နှင့် ဂျပန်တို့မှ ရဲတပ်ဖွဲ့ တီးဝိုင်းများနှင့်အတူ တက်ရောက်ခဲ့ပြီး Mini Concert ဖျော်ဖြေခြင်း၊ Hoan Kiem Lake (ဟုမ်းကီယမ်ရေကန်) ပတ်လမ်းတစ်လျှောက်ရှိ ပြည်သူလူထုအား ချီတက်ဖျော်ဖြေခြင်းများ ဆောင်ရွက်ခဲ့။

 

Add new comment