ဂျပန်နိုင်ငံ၊ နာရာမြို့တွင်ကျင်းပခဲ့သည့် နိုင်ငံရေးအခမ်းအနားတစ်ခုတွင် ဂျပန်ဝန်ကြီးချုပ်ဟောင်း Mr. Shinzo Abe တက်ရောက်ပြီး မိန့်ခွန်းပြောကြားနေစဉ် သေနတ်ဖြင့်ပစ်ခတ်လုပ်ကြံခံရမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံသဘောထားအား သိလိုကြောင်းမေးမြန်းချက်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြန်လည်ဖြေကြားခဲ့ရာတွင်-
- Mr. Shinzo Abe လုပ်ကြံခံရမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံအနေဖြင့်များစွာ အံ့ဩဝမ်းနည်းတုန်လှုပ်မိပါကြောင်းနှင့် လုပ်ကြံမှုကိုလည်း ပြင်းထန်စွာရှုတ်ချပါကြောင်း။
- Mr. Shinzo Abe သည် မြန်မာနိုင်ငံအတွက် မိတ်ဆွေကောင်းဖြစ်သလို မိတ်ဆွေဟောင်းတစ်ဦးလည်း ဖြစ်ပါကြောင်း။
- မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်း၊ ပြည်ပ မည်သည့်အကြမ်းဖက်လုပ်ရပ်ကိုမဆို လုပ်ကိုင်သည့် အကြမ်းဖက်ပုဂ္ဂိုလ်၊ အကြမ်းဖက်အဖွဲ့အစည်းများအပေါ် ပြင်းထန်စွာရှုတ်ချကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့်လည်း ဝမ်းနည်းကြောင်းစာများ ပေးပို့ပြီးဖြစ်သည်ဟု ပြောကြားခဲ့ကြောင်းသိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၉-၇-၂၀၂၂)
- Mr. Shinzo Abe လုပ်ကြံခံရမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံအနေဖြင့်များစွာ အံ့ဩဝမ်းနည်းတုန်လှုပ်မိပါကြောင်းနှင့် လုပ်ကြံမှုကိုလည်း ပြင်းထန်စွာရှုတ်ချပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်း၊ ပြည်ပ မည်သည့်အကြမ်းဖက်လုပ်ရပ်ကိုမဆို လုပ်ကိုင်သည့် အကြမ်းဖက်ပုဂ္ဂိုလ်၊ အကြမ်းဖက်အဖွဲ့ အစည်းများအပေါ် ပြင်းထန်စွာရှုတ်ချကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့်လည်း ဝမ်းနည်းကြောင်းစာများ ပေးပို့ပြီးဖြစ်သည်ဟု သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြန်လည်ဖြေကြားခဲ့။
Add new comment