အကြမ်းဖက်သမားများက အခြေခံပညာကျောင်းများသို့ လက်ပစ်ဗုံး၊ လက်လုပ်ဗုံးများဖြင့် ပစ်ပေါက်ဖောက်ခွဲ

အကြမ်းဖက်သမားများသည် NUG ၊ CRPH စသည့် အကြမ်းဖက်အဖွဲ့အစည်းများ၏ ငွေကြေးထောက်ပံ့ကာ နောက် ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အေးချမ်းစွာနေထိုင်သော ပြည်သူလူထုနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးတာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ပြီး အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား လုပ်ဆောင်လျက်ရှိသည့်အပြင် အနာဂတ် လူငယ်၊ လူရွယ်များ ပညာရည်မြင့်မားရေးအတွက် ဆောင်ရွက် ပေးလျက်ရှိသော စာသင်ကျောင်းများကိုလည်း မိုင်းထောင်ဖောက်ခွဲခြင်းများ၊ လက်ပစ်ဗုံးများဖြင့် ပစ်ပေါက်ဖောက်ခွဲခြင်း များ ပြုလုပ်လျက်ရှိသည်။

· စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ပေါက္ကားကျေးရွာရှိ အခြေခံပညာမူလတန်းလွန်ကျောင်းသို့ ဒီဇင်ဘာ ၂၉ ရက် ၁၀ နာရီ ၃၅ မိနစ်ခန့်တွင် အကြမ်းဖက်သူ အမျိုးသား ၃ ဦးက ဆိုင်ကယ် ၁ စီးဖြင့် ရောက်ရှိလာပြီး လက်လုပ်ဗုံး ၂ လုံးဖြင့် ပစ်ပေါက်ထွက်ပြေးသွားခဲ့ရာ လက်လုပ် ဗုံး ၁ လုံးမှာ ကျောင်းဝင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ကျန် ၁ လုံးမှာ ပေါက်ကွဲခြင်းမရှိခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သက်မဲ့ပြုလုပ်ရှင်းလင်းခဲ့ကြောင်းနှင့် အဆောက် အဦနှင့် လူ ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရှိရသည်။

· အဆိုပါနေ့ မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် ကလေးမြို့နယ်၊ အောင်ဇေယျရပ်ကွက်ရှိ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း ခြံစည်းရိုးအုတ်တံတိုင်းနှင့် ၁ ပေ ခန့်အကွာ ကျောင်းဝင်းအတွင်း၌ လက်လုပ်မိုင်း ၁ လုံး ပေါက်ကွဲခဲ့ပြီး ခြံစည်းရိုးနှင့် ၂ ပေခန့်အကွာတွင် လက်လုပ်မိုင်း ၁ လုံးအား ထပ်မံတွေ့ရှိရသဖြင့် သက်မဲ့ပြုလုပ်သိမ်းဆည်းရမိခဲ့သည်။

NUG အဖွဲ့၏ စေခိုင်းချက်အရ PDF အမည်ခံ အကြမ်း ဖက်သမားများနှင့် အစွန်းရောက် NLD ထောက်ခံသူများသည် ကလေးသူငယ်များ၏ အေးချမ်းစွာ ပညာသင်ကြားနေမှုများအား နှောင့်ယှက်ဟန့်တားနိုင်ရန် စာသင်ကျောင်းများနှင့် အပြစ်မဲ့ကျောင်းသား၊ကျောင်းသူများ၊ ဆရာ၊ ဆရာမများအား ပစ်မှတ်ထား၍ အကြမ်းဖက်တိုက်ခိုက်မှုများကို ဆင်ခြင်တုံတရားမဲ့စွာလုပ်ဆောင်လျက်ရှိပါသည်။ ထိုကဲ့သို့ စာသင်ကျောင်းများနှင့် ကလေးသူငယ်များအား ပစ်မှတ်ထားတိုက်ခိုက် နေသည့် အကြမ်းဖက်သမားများအား နိုင်ငံတကာမှ ဝိုင်းဝန်းဆန့်ကျင်ရှုတ်ချရန် နိုင်ငံတစ်ဝှမ်းရှိ ပြည်သူများက လိုလားလျက်ရှိပါသည်။

အထက်ပါဖြစ်စဉ်များမှ အကြမ်းဖက်မှုလုပ်ရပ်များကို ကျူးလွန်သူများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင် ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိပါသည်။

  • စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ပေါက္ကားကျေးရွာရှိ အခြေခံပညာမူလတန်းလွန်ကျောင်းသို့ အကြမ်းဖက်သူ အမျိုးသား ၃ ဦးက လက်လုပ်ဗုံး ၂ လုံးဖြင့် ပစ်ပေါက်ထွက်ပြေးသွားခဲ့ရာ လက်လုပ်ဗုံး ၁ လုံးမှာ ကျောင်းဝင်း အတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ကျန် ၁ လုံးမှာ ပေါက်ကွဲခြင်းမရှိခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သက်မဲ့ ပြုလုပ်ရှင်းလင်းခဲ့ကြောင်းနှင့် အဆောက်အဦနှင့် လူ ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရှိရ။
  • ကလေးမြို့နယ်၊ အောင်ဇေယျရပ်ကွက်ရှိ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း ခြံစည်းရိုးအုတ်တံတိုင်း နှင့် ၁ ပေခန့်အကွာ ကျောင်းဝင်းအတွင်း၌ လက်လုပ်မိုင်း ၁ လုံး ပေါက်ကွဲခဲ့ပြီး ခြံစည်းရိုးနှင့် ၂ ပေခန့်အကွာတွင် လက်လုပ်မိုင်း ၁ လုံးအား တွေ့ရှိရသဖြင့် သက်မဲ့ပြုလုပ်သိမ်းဆည်းရမိခဲ့။