တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ခရိုင်သုံးခုမှ ထွက် ရှိသော ငါး၊ ပုစွန်နှင့် အခြားရေထွက်ကုန်များကို လမ်းကြောင်း ငါးခုမှတစ်ဆင့် ပြည်ပနိုင်ငံများသို့ တင်ပို့လျက်ရှိကြောင်း သိရှိရပါသည်။
· ထားဝယ်ခရိုင်၊ မြိတ်ခရိုင်နှင့် ကော့သောင်းခရိုင်တို့တွင် ပင်လယ်ပြင်မှ ဖမ်းဆီးရမိသည့် ငါး၊ ပုစွန်များ၊ မွေးမြူရေးငါး၊ ပုစွန်များနှင့် အခြားရေထွက်ကုန်ပစ္စည်းများကို ပင်လယ်ရေကြောင်းမှတစ်ဆင့် ပြည်ပနိုင်ငံများသို့ တိုက်ရိုက်တင်ပို့လျက်ရှိ။
· ၎င်းခရိုင်များမှ ထွက်ရှိသည့် ငါး၊ ပုစွန်နှင့် အခြားရေထွက် ကုန်များကို ရန်ကုန်မြို့မှတစ်ဆင့်လည်း ပြည်ပနိုင်ငံများသို့ တင်ပို့လျက်ရှိ။
တနင်္သာရီတိုင်းဒေသကြီးမှ ပြည်ပသို့ ရေထွက်ကုန်တင်ပို့မှုအနေဖြင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် အောက်တိုဘာလ ၁ ရက်မှ နိုဝင်ဘာလကုန်အထိ ရေထွက်ကုန်တန်ချိန် ၅၅,၀၀၀ ကျော်တင်ပို့ထားပြီး အမေရိကန်ဒေါ်လာ ၆၂.၅၃ သန်းကျော် ရရှိခဲ့ပါသည်။ ဘဏ္ဍာနှစ်အလိုက် ငါး၊ ပုစွန်နှင့် အခြားရေထွက် ကုန်တင်ပို့မှုမှာ ၂၀၁၈-၂၀၁၉ ခုနှစ်က တန်ချိန် ၃၀၂,၇၀၁ တန် တင်ပို့ခဲ့ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၂၈၄.၁၆ သန်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်က တန်ချိန် ၃၂၈,၁၀၀ တင်ပို့ခဲ့ပြီး တန်ဖိုးအားဖြင့် ၃၄၈.၀၉ သန်းနှင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်က ၃၁၂,၈၈၀.၆၇၇ တန် တင်ပို့ခဲ့ပြီး ၃၁၂.၆ သန်း ရရှိခဲ့ပါသည်။
- ထားဝယ်ခရိုင်၊ မြိတ်ခရိုင်နှင့် ကော့သောင်းခရိုင်တို့တွင် ပင်လယ်ပြင်မှ ဖမ်းဆီးရမိသည့် ငါး၊ ပုစွန်များ၊ မွေးမြူရေးငါး၊ ပုစွန်များနှင့် အခြားရေထွက်ကုန်ပစ္စည်းများကို ပင်လယ်ရေကြောင်းမှတစ်ဆင့် ပြည်ပနိုင်ငံများသို့ တိုက်ရိုက်တင်ပို့လျက်ရှိ။
- ၎င်းခရိုင်များမှ ထွက်ရှိသည့် ငါး၊ ပုစွန်နှင့် အခြားရေထွက်ကုန်များကို ရန်ကုန်မြို့မှတစ်ဆင့်လည်း ပြည်ပနိုင်ငံများသို့ တင်ပို့လျက်ရှိ။
- တနင်္သာရီတိုင်းဒေသကြီးမှ ပြည်ပသို့ ရေထွက်ကုန်တင်ပို့မှုအနေဖြင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် အောက်တိုဘာလ ၁ ရက်မှ နိုဝင်ဘာလကုန်အထိ ရေထွက်ကုန်တန်ချိန် ၅၅,၀၀၀ ကျော်တင်ပို့ထားပြီး အမေရိကန်ဒေါ်လာ ၆၂.၅၃ သန်း ကျော် ရရှိခဲ့။