အမ်းမြို့နယ်အတွင်းရှိ ယာယီတိုက်ပွဲရှောင်စခန်းများမှ နေရပ်ပြန်မည့် ပြည်သူများအား ထောက်ပံ့ငွေများ၊ ဆန်နှင့် ကယ်ဆယ်ရေးပစ္စည်းများထောက်ပံ့ပေးအပ်

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ ယာယီတိုက်ပွဲရှောင်စခန်းများတွင် နေထိုင်လျက်ရှိသည့် ကဇူးကိုင်းကျေးရွာအုပ်စုနှင့် ဒါးလက်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ နေရပ်ပြန်မည့် ယာယီတိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု ၁၅၁ စုတို့အတွက် ထောက်ပံ့ငွေများ၊ ဆန်နှင့် ကယ်ဆယ်ရေးပစ္စည်းများကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ရခိုင် ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တို့မှ တာဝန်ရှိသူများက ဇူလိုင်လ ၆ ရက်တွင်  အသီးသီးထောက်ပံ့ပေးအပ်ခဲ့ရာ ယာယီတိုက်ပွဲရှောင် အိမ်ထောင်စုဝင်များက လက်ခံရယူခဲ့ကြပါသည်။

 ထောက်ပံ့ပစ္စည်းများပေးအပ်ပြီးနောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက ယာယီတိုက်ပွဲရှောင် အိမ်ထောင်စုဝင်များအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၇-၇-၂၀၂၂)

  • ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ ယာယီတိုက်ပွဲရှောင်စခန်းများတွင် နေထိုင်လျက်ရှိသည့် ယာယီတိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု ၁၅၁ စုတို့အတွက် ထောက်ပံ့ငွေများ၊ ဆန်နှင့် ကယ်ဆယ်ရေးပစ္စည်းများကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ရခိုင်ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တို့မှ တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့။

Add new comment