နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ တာဝန်ယူစဉ်ကာလအတွင်း နယ်စပ်ကုန်သွယ်ရေးစခန်းများနှင့် ပုံမှန်ကုန်သွယ်ရေးလမ်းကြောင်းများမှတစ်ဆင့် ပြည်ပပို့ကုန်များ တိုးမြှင့်ဆောင်ရွက်လျက်ရှိရာ-
- ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ ဧပြီလ ၁ ရက်မှ ဇွန်လ ၃၀ ရက်အထိ သုံးလတာကာလအတွင်း ပြည်ပသို့ ပုစွန်မက်ထရစ်တန်ချိန် ၃,၄၄၈ ဒသမ ၅၂၄ တန်တင်ပို့နိုင်ပြီး အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၄၁၅ သန်းရရှိခဲ့။
- ပုစွန်တင်ပို့မှုအနေဖြင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်ကာလတူတွင် ပုစွန်မက်ထရစ်တန်ချိန် ၂,၁၀၉ ဒသမ ၇၃၄ တန်တင်ပို့ခဲ့ကာ အမေရိကန်ဒေါ်လာ ၉ ဒသမ ၉၀၈ သန်းရရှိခဲ့ပြီး ယခုဘဏ္ဍာနှစ်တွင် ပုစွန်မက်ထရစ်တန်ချိန် ၁,၃၃၈ ဒသမ ၇၉ တန်ပိုမိုတင်ပို့နိုင်ကာ အမေရိကန်ဒေါ်လာ ၂ ဒသမ ၅၀၇ သန်း ပိုမိုရရှိခဲ့။
- ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ ဧပြီလ ၁ ရက်မှ ဇွန်လ ၁၇ ရက်အထိ ပြည်ပသို့ လယ်ယာထွက်ကုန်ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၉၆၁ ဒသမ ၄၇၃ သန်းရရှိခဲ့။
- လယ်ယာထွက်ကုန်ပစ္စည်းတင်ပို့မှုအနေဖြင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်ကာလတူတွင် အမေရိကန်ဒေါ်လာ ၉၃၆ ဒသမ ၃၆၆ သန်းရရှိခဲ့သဖြင့် ယခုဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၂၅ ဒသမ ၁၀၇ သန်းပိုမိုရရှိခဲ့။
လက်ရှိကာလတွင် ကုန်သွယ်မှုပုံစံများ ပြောင်းလဲလာသည်နှင့်အညီ ကုန်စည်အရည်အသွေးသတ်မှတ်ချက်၊ ဝယ်ယူမှုပုံစံအသစ်များ၊ တင်ပို့ရောင်းချမှုပုံစံများ ပြောင်းလဲလာခြင်းကြောင့် ကဏ္ဍအလိုက် စိန်ခေါ်မှုများအား ကျော်လွှားနိုင်မည့်နည်းလမ်းများကို သက်ဆိုင်ရာဌာနများနှင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပြီး ပြည်ပပို့ ကုန်များ တိုးမြှင့်တင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၇-၇-၂၀၂၂)
- ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ ဧပြီလ ၁ ရက်မှ ဇွန်လ ၃၀ ရက်အထိ သုံးလတာကာလအတွင်း ပြည်ပသို့ ပုစွန်မက်ထရစ်တန်ချိန် ၃,၄၄၈ ဒသမ ၅၂၄ တန်တင်ပို့နိုင်ပြီး အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၄၁၅ သန်းရရှိခဲ့။
- ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ ဧပြီလ ၁ ရက်မှ ဇွန်လ ၁၇ ရက်အထိ ပြည်ပသို့ လယ်ယာထွက်ကုန်ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၉၆၁ ဒသမ ၄၇၃ သန်းရရှိခဲ့။
- ကုန်သွယ်မှုပုံစံများ ပြောင်းလဲလာသည်နှင့်အညီ ကုန်စည်အရည်အသွေးသတ်မှတ်ချက်၊ ဝယ်ယူမှုပုံစံအသစ်များ၊ တင်ပို့ရောင်းချမှုပုံစံများ ပြောင်းလဲလာခြင်းကြောင့် ကဏ္ဍအလိုက် စိန်ခေါ်မှုများအား ကျော်လွှားနိုင်မည့်နည်းလမ်းများကို သက်ဆိုင်ရာဌာနများနှင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပြီး ပြည်ပပို့ကုန် များ တိုးမြှင့်တင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိ။
Add new comment