PDF အကြမ်းဖက်သမားများက ပညာမဲ့လူတန်းစားများ ဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ ပညာရေးကဏ္ဍမြင့်မားရေးကို နှောင့်ယှက်ဖျက်ဆီး

ဇူလိုင်လ ၅ ရက်တွင် ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်းခွဲအား PDF အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီးခဲ့သဖြင့် အဆိုပါမီးလောင်မှုကြောင့် စာသင်ကျောင်းဝင်းအတွင်းရှိ ဆရာ၊ ဆရာမများ နားနေဆောင် ပေ ၂၀ ပတ်လည် ၂ ခန်းတွဲမှ အခန်းတစ်ခန်းနှင့် စာကြည့်တိုက်အခန်းအတွင်းရှိ ၃ ထပ်သားပြား ၂ ချပ်၊ စားပွဲခုံ ၁ လုံး၊ စာရွက်စာတမ်းများ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ပါသည်။

NUG ၏လက်အောက်ခံ နိုင်ငံရေးအစွန်းရောက်အကြမ်းဖက်သမားများက ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ မိဘများအား အထိတ်တလန့်ဖြစ်စေရန်နှင့် ပညာမဲ့လူတန်းစားများ ဖြစ်ပေါ်လာစေရန် ယုတ်မာသောရည်ရွယ်ချက်များဖြင့် ပညာသင်ကြားမှုကို အဟန့်အတားဖြစ်စေသည့် နည်းလမ်းမျိုးဖြင့် လုပ်ဆောင်လျက်ရှိပြီး ပညာရေးကဏ္ဍအတွက် အဓိကကျသော အခြေခံအဆောက်အဦများဖြစ်သည့် စာသင်ကျောင်းများအား မိုင်းထောင်ဖောက်ခွဲခြင်းနှင့် မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်လျက်ရှိရာ ဇူလိုင်လ ၇ ရက် အထိ စာသင်ကျောင်းမီးရှို့ဖျက်ဆီးခဲ့မှု အကြိမ်အရေအတွက် ၁၃၆ ကြိမ် ရှိပြီဖြစ်ပါသည်။

ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သိရှိရပါသည်။         

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၇-၇-၂၀၂၂)

  • PDF အကြမ်းဖက်သမားများက ရွှေကျင်မြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်းခွဲအား မီးရှို့ဖျက်ဆီးခဲ့သဖြင့် စာသင်ကျောင်းဝင်းအတွင်းရှိ ဆရာ၊ ဆရာမများ နားနေဆောင် ပေ ၂၀ ပတ်လည် ၂ ခန်းတွဲမှ အခန်းတစ်ခန်းနှင့် စာကြည့်တိုက်အခန်းအတွင်းရှိ ၃ ထပ်သားပြား ၂ ချပ်၊ စားပွဲခုံ ၁ လုံး၊ စာရွက် စာတမ်းများ မီးလောင်ပျက်စီးဆုံးရှုံးခဲ့။
  • PDF အကြမ်းဖက်သမားများက ပညာရေးကဏ္ဍအတွက် အဓိကကျသော အခြေခံအဆောက်အဦများဖြစ်သည့် စာသင်ကျောင်းများအား  မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်လျက်ရှိရာ ဇူလိုင်လ ၇ ရက်အထိ စာသင်ကျောင်းမီးရှို့ဖျက်ဆီးခဲ့မှု အကြိမ်အရေအတွက် ၁၃၆ ကြိမ် ရှိပြီဖြစ်။

Add new comment