နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်အရ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဝိဇ္ဇာဘာသာတွဲ၊ ဝိပ္ပံဘာသာတွဲ၊ သိပ္ပံဘာသာတွဲများတွင် မြန်မာတစ်နိုင်ငံလုံး အမှတ်အများဆုံးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူ (၃၃) ဦးသည် ကြီးကြပ်သူ ဆရာ၊ ဆရာမများ တာဝန်ရှိသူများနှင့်အတူ ထိုင်းနိုင်ငံသို့ လေ့လာရေးခရီးသွားရောက်ခဲ့ကြပါသည်။
- ဇူလိုင်လ ၄ ရက်တွင် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးချစ်ဆွေနှင့် တာဝန်ရှိသူများက ထူးချွန်ကျောင်းသားကျောင်းသူများအား လေ့လာရေးခရီးစဉ်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး ထူးချွန်ကျောင်းသား၊ ကျောင်းသူများအဖွဲ့သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြဘုရားသို့လည်းကောင်း၊ Siam Paragon ရှိ Siam Ocean World သို့လည်းကောင်း၊ Madame Tussauds Museum သို့လည်းကောင်း၊ Asiatique သို့လည်းကောင်း သွားရောက်လေ့လာလည်ပတ်ခဲ့။
- ဇူလိုင် ၅ ရက်တွင် ထိုင်းနိုင်ငံရှိ ASSUMPTION University နှင့် ပတ္တယားကမ်းခြေတို့သို့ သွားရောက်၍ ပတ္တယားကမ်းခြေတွင် အပန်းဖြေကြကာ ပတ္တယားရေပေါ်ဈေးနှင့် တောင်ပေါ်ဘုရားများသို့ သွားရောက်လေ့လာခဲ့ပြီးနောက် ဘန်ကောက်မြို့သို့ ပြန်လည်ထွက်ခွာ၍ Baiyoke Tower ပေါ်တွင် ဘန်ကောက်မြို့၏ ညရှုခင်းကို ကြည့်ရှုခံစားခဲ့။
အဆိုပါ ခရီးစဉ်အား ထူးချွန်ကျောင်းသား၊ ကျောင်းသူများကို ချီးမြှင့်ဂုဏ်ပြုသည့်အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်နှင့်အညီ ပညာရေးဝန်ကြီးဌာနက ပြည်ပနိုင်ငံ အတွေ့အကြုံကောင်းများရရှိရေး၊ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ် ရှင်သန်ထက်မြက်စေရေးတို့အတွက် စီစဉ်ပို့ဆောင်ပေးခဲ့ခြင်းဖြစ် ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၇-၇-၂၀၂၂)
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်အရ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဝိဇ္ဇာဘာသာတွဲ၊ ဝိပ္ပံဘာသာတွဲ၊ သိပ္ပံဘာသာတွဲများတွင် မြန်မာတစ်နိုင်ငံလုံး အမှတ်အများဆုံးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူ (၃၃) ဦးသည် ကြီးကြပ်သူ ဆရာ၊ ဆရာမများ တာဝန်ရှိသူများနှင့်အတူ ရန်ကုန်မြို့မှ ထိုင်းနိုင်ငံသို့ လေ့လာရေးခရီး သွားရောက်ခဲ့ကြ။
- အဆိုပါ ခရီးစဉ်အား ထူးချွန်ကျောင်းသား၊ ကျောင်းသူများကို ချီးမြှင့်ဂုဏ်ပြုသည့်အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်နှင့်အညီ ပညာရေးဝန်ကြီးဌာနက ပြည်ပနိုင်ငံ အတွေ့အကြုံကောင်းများရရှိရေး၊ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ် ရှင်သန်ထက်မြက်စေရေးတို့အတွက် စီစဉ်ပို့ဆောင် ပေးခဲ့ခြင်းဖြစ်။
Add new comment