ရွေးကောက်ပွဲအတွက် မဲစာရင်းပြုစုရေးဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင်လ ၆ ရက်တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကား ပြောကြားခဲ့ပါသည်။
အစည်းအဝေးသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုး၊ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများက ဗီဒီယိုကွန့်ဖရင့်ဖြင့် တက်ရောက်ခဲ့ကြပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက အမှာစကားပြောကြားရာတွင်-
- ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၁ ရက်မှစ၍ ထုတ်ပေးထားပြီးဖြစ်သည့် နိုင်ငံသားစိစစ်ရေးကတ် ဒေတာများပြုစုရေး၊ ဒေတာအတွင်းထည့်သွင်းရေးတို့ကို ဆောင်ရွက်ခဲ့ရာတွင် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဌာနဆိုင်ရာများ၊ ရွေးကောက်ပွဲကော်မရှင်ဝန်ထမ်းများ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ဝန်ထမ်းများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းများ စုစုပေါင်း အင်အား ၃,၆၀၀ ကျော်၊ ကွန်ပျူတာအလုံးရေ ၃,၀၀၀ ကျော်ဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း။
- ဇွန်လ ၂၁ ရက်တွင် လက်ရေးမူဖြင့်ထုတ်ပေးထားရှိသည့် နိုင်ငံသားစိစစ်ရေးကတ် ၅၁ သန်းကျော်စာရင်းကို ကွန်ပျူတာဒေတာအတွင်း ၂ လအတွင်း ထည့်သွင်းနိုင်ခဲ့ကြောင်း။
- ဒုတိယအဆင့်အနေဖြင့် ပုံစံ ၆၆/၆ ပါ အချက်အလက်များအား ပုံစံ (၄) ရှိ စာရင်းများနှင့်တိုက်ဆိုင်စစ်ဆေးပြီးမှသာ တိုင်းဒေသကြီးနှင့် ပြည်နယ်များ အပြန်အလှန်စစ်ဆေးခြင်းဆောင်ရွက်ရန် ရပ်ကွက်၊ ကျေးရွာများအလိုက် မြေပြင်ကွင်းဆင်းဆောင်ရွက်ခြင်းများ လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း။
- အဆိုပါ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းအား တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စိစစ်ခြင်းပြီးစီးမှသာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဖွဲ့စည်းပေးထားသည့် National Data Base တွင် စာရင်းဇယားများ မှန်ကန်လုံခြုံစွာရောက်ရှိမည်ဖြစ်ကြောင်း။
- National Data Base Main Server တွင် ရှိနေသည့် အချက်အလက်များကို အသုံးပြု၍ သက်ဆိုင်ရာဌာနများနေဖြင့် လိုအပ်သည့်အချက်အလက်စိစစ်ခြင်းလုပ်ငန်းများ လျင်မြန်စွာဆောင်ရွက်နိုင်မည်ဖြစ်သောကြောင့် အဆင့် (၂)နှင့် အဆင့် (၃) ပါ လုပ်ငန်းစဉ်များကို အချိန်နှင့်တစ်ပြေးညီ စနစ်တကျ ဆက်လက်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။
- ထိုကဲ့သို့ဆောင်ရွက်မှသာ လွတ်လပ်ပြီးမျှတသည့်ရွေးကောက်ပွဲ၊ မှန်ကန်သည့်ရွေးကောက်ပွဲ၊ စာရင်းအတိအကျရှိသော ရွေးကောက်ပွဲဖြစ်လာမည်ဖြစ်သဖြင့် နိုင်ငံသူနိုင်ငံသားများနှင့် ဌာနဆိုင်ရာများအတွက် အကျိုးရှိစေမည့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စာရင်းကောက်ယူခြင်းလုပ်ငန်းများကို ဆက်လက် ပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးက မဲစာရင်းများမှန်ကန်စေရေး တိုက်ဆိုင်စစ်ဆေးခြင်းဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်က တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ လူဦးရေစာရင်းကောက်ယူခြင်းဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ လည်းကောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက မဲစာရင်းမှန်ကန်စွာရရှိရေး ပူးပေါင်းဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းတင်ပြကြပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၇-၇-၂၀၂၂)
- ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၁ ရက်မှစ၍ ထုတ်ပေးထားပြီးဖြစ်သည့် နိုင်ငံသားစိစစ်ရေးကတ်ဒေတာများပြုစုရေး၊ ဒေတာအတွင်းထည့်သွင်းရေးတို့ကို ဆောင်ရွက်ခဲ့ရာတွင် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဌာနဆိုင်ရာများ၊ ရွေးကောက်ပွဲကော်မရှင်ဝန်ထမ်းများ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းများ စုစုပေါင်းအင်အား ၃,၆၀၀ ကျော်၊ ကွန်ပျူတာအလုံးရေ ၃,၀၀၀ ကျော်ဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့။
- ဇွန်လ ၂၁ ရက်တွင် လက်ရေးမူဖြင့်ထုတ်ပေးထားရှိသည့် နိုင်ငံသားစိစစ်ရေးကတ် ၅၁ သန်းကျော်စာရင်းကို ကွန်ပျူတာဒေတာအတွင်း ၂ လအတွင်း ထည့်သွင်းနိုင်ခဲ့။
- National Data Base Main Server တွင်ရှိနေသည့် အချက်အလက်များကို အသုံးပြု၍ သက်ဆိုင်ရာဌာနများနေဖြင့် လိုအပ်သည့်အချက်အလက်စိစစ်ခြင်းလုပ်ငန်းများ လျင်မြန်စွာဆောင်ရွက်နိုင်မည်ဖြစ်သောကြောင့် အဆင့်(၂)နှင့် အဆင့် (၃) ပါ လုပ်ငန်းစဉ်များကို အချိန်နှင့်တစ်ပြေးညီ စနစ်တကျ ဆက်လက်ဆောင်ရွက်ကြရမည်ဖြစ်။
Add new comment