ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြောင့် ပြည်ပနိုင်ငံများတွင် အခက်အခဲဖြစ်နေကြသော နိုင်ငံသားများအား မြန်မာနိုင်ငံ သို့ ပြန်လည်ဝင်ရောက်နိုင်ရေးကယ်ဆယ်ရေးလေယာဉ် (Re-lief Flight)များဖြင့်လည်းကောင်း၊ တပ်မတော်စစ်ရေယာဉ်များဖြင့် လည်းကောင်း၊ နယ်စပ်ဂိတ်များမှ ပြန်လည်ဝင်ရောက် စေခြင်းဖြင့်လည်းကောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါသည်။
· ၁-၂-၂၀၂၁ ရက်နေ့မှ ၂၈-၁၂-၂၀၂၁ ရက်နေ့အထိ ကယ်ဆယ်ရေးလေယာဉ် (Relief Flight) ခရီးစဉ် (၉၀၄) ကြိမ်ဖြင့် Facility Quarantine ဝင်ရောက်သူ (၄၆,၆၂၂) ဦး၊ တပ်မတော်စစ်ရေယာဉ်ဖြင့် (၁,၀၈၆) ဦး၊ နယ်စပ်ဂိတ်များ မှ (၉၂,၁၃၃) ဦး ကို မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ပေးနိုင်ခဲ့။
· ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူများကို အသွားအလာ ကန့်သတ်စောင့်ကြည့်ခြင်း (Facility Quarantine) အား သတ်မှတ်နေရာများတွင် အခမဲ့ဆောင်ရွက်ပေးခြင်း၊ ကိုဗစ်- ၁၉ ရောဂါပိုးရှိ/မရှိ ဓာတ်ခွဲနမူနာများရယူပြီး RT-PCR နည်း ဖြင့် စစ်ဆေးပေးခြင်းများကို ဆောင်ရွက်ပေးခဲ့။
ထိုသို့ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်သူများတွင် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့သူ ဓာတ်ခွဲအတည်ပြုလူနာ (၄,၈၂၂) ဦးအား သတ်မှတ်နေရာများတွင် ကျန်းမာရေးဝန်ကြီးဌာနအစီအစဉ်ဖြင့် ဆေးကုသမှုခံယူစေပြီး ကိုဗစ်-၁၉ ရောဂါ သက်သာပျောက်ကင်းသည်အထိ နိုင်ငံတော်အစိုးရက တာဝန်ယူကုသပေးခဲ့ကြောင်း သိရှိရပါသည်။
- ၁-၂-၂၀၂၁ ရက်နေ့မှ ၂၈-၁၂-၂၀၂၁ ရက်နေ့အထိ ကယ်ဆယ်ရေးလေယာဉ် (Relief Flight) ဖြင့် (၄၆,၆၂၂) ဦး၊ တပ်မတော်စစ်ရေယာဉ်ဖြင့် (၁,၀၈၆) ဦး၊ နယ်စပ်ဂိတ်များမှ (၉၂,၁၃၃) ဦး၊ စုစုပေါင်း (၁၃၉,၈၄၁) ဦး မြန်မာ နိုင်ငံသို့ ပြန်လည်ခေါ်ပေးနိုင်ခဲ့။
- အသွားအလာကန့်သတ်စောင့်ကြည့်ခြင်း၊ ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ စစ်ဆေးပေးခြင်းများကို အခမဲ့ဆောင်ရွက် ပေးခဲ့ပြီး ဓာတ်ခွဲအတည်ပြုလူနာ (၄,၈၂၂) ဦးအား ဆေးကုသမှုခံယူစေပြီး ကိုဗစ်-၁၉ ရောဂါ သက်သာပျောက် ကင်းသည်အထိ နိုင်ငံတော်အစိုးရက တာဝန်ယူကုသပေးခဲ့။