အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများအား လိုက်ပါလုပ်ဆောင်ခြင်း၊ အကြမ်းဖက်လုပ်ရပ်များ အားပေးကူညီခြင်း ပြုလုပ်ခဲ့သူများအား ဆက်လက်ဖော်ထုတ်အရေးယူ

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် လိုက်ပါမလုပ်ဆောင်ရန် တားမြစ်ထားသော်လည်း နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမူလုပ်ဆောင်ခဲ့ပြီး အကြမ်းဖက် လုပ်ရပ်များကို အားပေးလုပ်ဆောင်ခဲ့သဖြင့် တရားဥပဒေနှင့်အညီ ဖမ်းဆီးအရေးယူခြင်းများ ဆက်လက်ဆောင်ရွက်လျက်ရှိရာ-

  • ဇွန်လ ၂၉ ရက်မှ ဇူလိုင်လ ၅ ရက်ထိ နေပြည်တော်ကောင်စီနယ်မြေ၌ ၄ ဦး၊ ရန်ကုန်တိုင်းဒေသကြီး၌ ၁၁ ဦး၊ ပဲခူးတိုင်းဒေသကြီး၌ ၂ ဦး၊ မန္တလေးတိုင်း ဒေသကြီး၌ ၁၁ ဦး၊ မကွေးတိုင်းဒေသကြီး၌ ၂ ဦး၊ ဧရာဝတီတိုင်းဒေသကြီး၌ ၂ ဦး၊ တနင်္သာရီတိုင်းဒေသကြီး၌ ၂ ဦး၊ စစ်ကိုင်းတိုင်းဒေသကြီး၌ ၁ ဦး၊ ရခိုင်ပြည်နယ်၌ ၆ ဦးနှင့် ကချင်ပြည်နယ်၌ ၅ ဦး စုစုပေါင်း ၄၆ ဦးတို့ကို ဖမ်းဆီးရမိခဲ့၊၊
  • ဇန်နဝါရီလ ၂၇ ရက်မှ ဇူလိုင်လ ၅ ရက်ထိ စုစုပေါင်း ၆၁၃ ဦးအား ဥပဒေနှင့်အညီ အရေးယူထားပါသည်၊၊

ထိုသို့လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်ကာ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။                          

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၆-၇-၂၀၂၂)

  • ဇွန်လ ၂၉ ရက်မှ ဇူလိုင်လ ၅ ရက်ထိ နေပြည်တော်ကောင်စီနယ်မြေ၌ ၄ ဦး၊ ရန်ကုန်တိုင်းဒေသကြီး၌ ၁၁ ဦး၊ ပဲခူးတိုင်းဒေသကြီး၌ ၂ ဦး၊ မန္တလေးတိုင်းဒေသကြီး၌ ၁၁ ဦး၊ မကွေးတိုင်းဒေသကြီး၌ ၂ ဦး၊ ဧရာဝတီတိုင်းဒေသကြီး၌ ၂ ဦး၊ တနင်္သာရီတိုင်းဒေသကြီး၌ ၂ ဦး၊ စစ်ကိုင်းတိုင်းဒေသကြီး၌ ၁ ဦး၊ ရခိုင်ပြည် နယ်၌ ၆ ဦးနှင့် ကချင်ပြည်နယ်၌ ၅ ဦး စုစုပေါင်း ၄၆ ဦးတို့ကို ဖမ်းဆီးရမိခဲ့၊၊
  • ဇန်နဝါရီလ ၂၇ ရက်မှ ဇူလိုင်လ ၅ ရက်ထိ စုစုပေါင်း ၆၁၃ ဦးအား ဥပဒေနှင့်အညီ အရေးယူထားရှိ။

Add new comment