တရုတ်ပြည်သူ့သမ္မတနိုင်ငံက မြန်မာနိုင်ငံ၊ ကချင်ပြည်နယ်အစိုးရသို့ ယွမ်ငွေ ၆ သန်းကျော်တန်ဖိုးရှိ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကုသရေး အထောက်အကူပြုပစ္စည်းများ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ဇူလိုင်လ ၅ ရက်တွင် ယူနန်ပြည်နယ်၊ ပေါင်စန်းပြည်နယ်ခွဲ၊ ထိန်ချုံးမြို့၌ ကျင်းပခဲ့ပါသည်။
အခမ်းအနားတွင် ယူနန်ပြည်နယ် ပေါင်စန်းပြည်နယ်ခွဲ ဒုတိယအုပ်ချုပ်ရေးမှူး Mr. Cheng Dejun က လှူဒါန်းသည့်ပစ္စည်းများကို လွှဲပြောင်းပေးအပ်ပြီး မြန်မာနိုင်ငံကိုယ်စား ကူမင်းမြို့ မြန်မာကောင်စစ်ဝန်ချုပ်ရုံး ကောင်စစ်ဝန်ချုပ် ဦးသော်တာအောင်က လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။ အဆိုပါ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကုသရေး အထောက်အကူပြုပစ္စည်းများကို ကချင်ပြည်နယ်သို့ နယ်စပ်ဂိတ်မှတစ်ဆင့် မော်တော်ယာဉ်များဖြင့် ပို့ဆောင်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၆-၇-၂၀၂၂)
- ဇူလိုင်လ ၅ ရက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံက မြန်မာနိုင်ငံ၊ ကချင်ပြည်နယ် အစိုးရသို့ ယွမ်ငွေ ၆ သန်းကျော်တန်ဖိုးရှိ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကုသရေး အထောက်အကူပြုပစ္စည်းများ လွှဲပြောင်းပေးအပ်ခဲ့။
- ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကုသရေး အထောက်အကူပြုပစ္စည်းများကို ကချင်ပြည်နယ်သို့ နယ်စပ်ဂိတ်မှတစ်ဆင့် မော်တော်ယာဉ်များဖြင့် ပို့ဆောင်သွားမည်ဖြစ်။
Add new comment