ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအား တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ဆက်လက်ဆောင်ရွက်လျက်ရှိ

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော Quaratine Centre များအား ဆက်လက်ဖွင့်လှစ်ပေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးပေးခြင်းတို့အား တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတို့၌ ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်-

· တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးခြင်းများကို ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာလ ၃၀ ရက်တွင် ဒုတိယအကြိမ်အဖြစ် ပြည် သူစုစုပေါင်း ၁၃၅,၃၄၅ ဦးအား လည်းကောင်း၊ ပထမ  အကြိမ်အဖြစ် ပြည်သူစုစုပေါင်း ၄၉,၉၆၆ ဦးအားလည်းကောင်း ကာကွယ်ဆေးထိုးနှံပေးခဲ့။

· တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား/ ကျောင်းသူများ၏ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးစီးမှုမှာ ဒီဇင်ဘာလ ၃၀ ရက်တွင် ဒုတိယအကြိမ်အဖြစ် ၅,၉၈၈ ဦးအားလည်းကောင်း၊ ပထမအကြိမ်အဖြစ် ၅,၆၆၉  ဦးအားလည်းကောင်း ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီး ဒီဇင်ဘာလ ၃၀ ရက်အထိ ကျောင်း သား/ကျောင်းသူစုစုပေါင်း ၁,၄၉၂,၁၅၉ ဦး အား ကာကွယ် ဆေးထိုးနှံပေးခဲ့ပြီးဖြစ်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဝယ်ယူရရှိရေးရန်ပုံငွေ (COVID-19 Vaccination Fund) ရရှိမှုမှာ-

· မြန်မာကျပ်ငွေစာရင်း OA-013733 သို့ စာရင်းပိတ်လက်ကျန်ငွေ (၁၆၆,၁၁၇,၄၁၀,၁၄၂.၅၃) ကျပ်ဖြစ်ပြီး နိုင်ငံခြား ငွေစာရင်းအမှတ် EDC-600012 သို့ စာရင်းပိတ်လက်ကျန် ငွေ အမေရိကန်ဒေါ်လာ (၂၄,၁၃၇,၃၄၉.၅၃) ဖြစ်ကြောင်း ကိုဗစ်-၁၉ ကာကွယ်ဆေး ဝယ်ယူရရှိရေးရန်ပုံငွေ စီမံခန့်ခွဲဆပ်ကော်မတီမှာ အသိပေးကြေညာချက်ထုတ်ပြန်ထားရှိ။

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါရှိ/မရှိ ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းအား ပုံမှန်ဆောင်ရွက်လျက် ရှိရာ ဒီဇင်ဘာလ ၃၀ ရက်တွင် ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၁,၄၆၁ ခုအား စစ်ဆေးခဲ့ပြီး၊ ဓာတ်ခွဲအတည်ပြုလူနာသစ် ၃၆၉ ဦးဖြင့် ရောဂါပိုးတွေ့ရှိမှု ၃.၂၂ ရာခိုင်နှုန်းရှိခဲ့ပါသည်။ ၃၀-၁၂-၂၀၂၁ ရက်အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၆,၀၂၉,၉၃၆ ခုအား စစ်ဆေးခဲ့ရာ အတည်ပြုလူနာ စုစုပေါင်း ၅၃၀,၆၄၅ ဦးနှင့် သေဆုံးသူစုစုပေါင်း ၁၉၂၆၅ ဦး ရှိကြောင်း သတင်းရရှိပါသည်။

  • တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးခြင်းများကို ဆောင်ရွက်လျက် ရှိရာ ဒီဇင်ဘာလ ၃၀ ရက်တွင် ဒုတိယအကြိမ်အဖြစ် ပြည်သူစုစုပေါင်း ၁၃၅,၃၄၅ ဦးအားလည်းကောင်း၊ ပထမ အကြိမ်အဖြစ် ပြည်သူစုစုပေါင်း ၄၉,၉၆၆ ဦးအားလည်းကောင်း ကာကွယ်ဆေးထိုးနှံပေးခဲ့။
  • ဒီဇင်ဘာလ ၃၀ ရက်အထိ ကျောင်းသား/ကျောင်းသူစုစုပေါင်း ၁,၄၉၂,၁၅၉ ဦးအား ကာကွယ်ဆေးထိုးနှံပေးခဲ့။
  • ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဝယ်ယူရရှိရေးရန်ပုံငွေ မြန်မာကျပ်ငွေစာရင်း၏စာရင်းပိတ်လက်ကျန်ငွေ (၁၆၆,၁၁၇,၄၁၀,၁၄၂.၅၃) ကျပ်ဖြစ်ပြီး နိုင်ငံခြားငွေစာရင်း၏ စာရင်းပိတ်လက်ကျန်ငွေ အမေရိကန်ဒေါ်လာ (၂၄,၁၃၇,၃၄၉.၅၃) ဖြစ်။
  • ၃၀-၁၂-၂၀၂၁ ရက်အထိ ဓာတ်ခွဲနမူနာစုစုပေါင်း ၆,၀၂၉,၉၃၆ ခုအား စစ်ဆေးခဲ့ရာ အတည်ပြုလူနာစုစုပေါင်း ၅၃၀,၆၄၅ ဦးနှင့် သေဆုံးသူစုစုပေါင်း ၁၉,၂၆၅ ဦး ဖြစ်ပြီး ၃၀-၁၂-၂၀၂၁ ရက်တွင် ရောဂါပိုးတွေ့ရှိမှု ၃.၂၂ ရာခိုင်နှုန်းရှိ။