နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇူလိုင်လ ၄ ရက်တွင် ဧရာဝတီတိုင်းဒေသကြီးရှိ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများအား ပုသိမ်မြို့၌ တွေ့ဆုံအမှာစကားပြောကြားခဲ့ရာတွင်-
- ဧရာဝတီတိုင်းဒေသကြီးသို့ အလည်အပတ်သော်လည်းကောင်း၊ စီးပွားရေးအရသော်လည်းကောင်း ခရီးသွားဧည့်ယာဉ်များ အများအပြားလာရောက်လျက်ရှိသဖြင့် လမ်းများ ကောင်းမွန်စေရေးကို အလေးထားဆောင်ရွက်ထားရှိရန် လိုကြောင်း။
- ရန်ကုန်-ပုသိမ်လမ်းမကြီး အဆင့်မြှင့်တင်ဆောင်ရွက်ရာတွင်လည်း အာဆီယံသတ်မှတ်ချက်များနှင့်အညီ စနစ်တကျတည်ဆောက်သွားရန်လိုအပ်ပြီး ပုသိမ်လေယာဉ်ကွင်း အဆင့်မြှင့်တင်ရေးအတွက်လည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
- ဧရာဝတီတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ စပါးကျီကြီးတစ်ခုဖြစ်ပြီး လုပ်ငန်းဆောင်ရွက်မှု နယ်ပယ်အသီးသီး၌လည်း ထိပ်ပိုင်းတွင်ရှိနေသည့် နိုင်ငံ့ဂုဏ်ဆောင် တိုင်းဒေသကြီးတစ်ခုဖြစ်ကြောင်း။
- ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သည့် မဲစာရင်း မသမာမှုရလာဒ်များကြောင့် မိမိတို့အနေဖြင့် နိုင်ငံတော်၏တာဝန်များကို ခေတ္တတာဝန်ယူဆောင်ရွက်နေရခြင်းဖြစ်ပြီး နိုင်ငံရေးအမြတ်ထုတ်မှုများကြောင့် ဖြစ်ပေါ်ခဲ့ရသည့် အကြမ်းဖက်မှု ဖြစ်စဉ်များကို တရားဥပဒေနှင့်အညီတတ်နိုင်သမျှ ထိန်းသိမ်း ဆောင်ရွက်ခဲ့ကြောင်း။
- ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) အတိုင်းသာ လျှောက်လှမ်းနေခြင်းဖြစ်သဖြင့် ဥပဒေနှင့်အညီသာ ဆက်လက်လျှောက်လှမ်းရမည်ဖြစ်ကြောင်း၊ လူမျိုးတိုင်း၊ နိုင်ငံတိုင်းအနေဖြင့် Moving Forward ဆိုသည့်အတိုင်း အတိတ်ကို ပြန်လှည့်ကြည့်နေခြင်း၊ ရပ်နေခြင်းမရှိဘဲ ရှေ့ကိုဆက်လက် လျှောက်လှမ်း နေကြခြင်းဖြစ်၍ မိမိတို့နိုင်ငံအနေဖြင့်လည်း ကျန်နေ၍မရကြောင်း၊ Moving Forward ဟူသည့်အတိုင်း အမြဲလျှောက်လှမ်းနေရမည်ဖြစ်ကြောင်း။
- မိမိတို့နိုင်ငံတွင် စာတတ်မြောက်မှု ၉၂ ရာခိုင်နှုန်းရှိသည်ဟု ဖော်ပြထားသည်ကို တွေ့ရှိရသော်လည်း အဆိုပါ ၉၂ ရာခိုင်နှုန်းတွင် ရေး/ဖတ် အဆင့်၊ မူလတန်းအဆင့်သာရှိသူ ဦးရေများပြားလျက်ရှိသည်ကို တွေ့ရှိရမည်ဖြစ်သကဲ့သို့ ပညာတတ်မြောက်သူ နည်းပါးသည်ကိုလည်း သန်းခေါင်စာရင်းများအရ တွေ့ရှိရ မည်ဖြစ်ကြောင်း။
- ပညာရည်မြှင့်တင်ရေးအတွက် အစိုးရပညာရေးစနစ်ဖြင့် အစိုးရအဆက်ဆက် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး မိမိတို့အနေဖြင့် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိကြောင်း၊ ပညာတတ်များ နည်းပါးပါက မိမိတို့နိုင်ငံသည်နောက်ကျကျန်ခဲ့မည်ဖြစ်ကြောင်း။
- စီးပွားရေးလုပ်ငန်းအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုကို အခြေခံသော စီးပွားရေးလုပ်ငန်းကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း။
- စီမံခန့်ခွဲမှုလုပ်ငန်းများအဆင်ပြေ ချောမွေ့စေရန်နှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကို ပိုမိုလျင်မြန်ချောမွေ့စွာ ဆောင်ရွက်နိုင်စေရန်အတွက် ခရိုင်များတိုးချဲ့ ဖွဲ့စည်းခဲ့ပြီး ခရိုင်အဆင့်ကိုအခြေခံ၍ တစ်နိုင်ငံလုံးအုပ်ချုပ်မှုကို ပိုမိုအဆင်ပြေအောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း။
- စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် စက်မှုလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် တစ်နိုင်ငံလုံးတွင် စိုက်ပျိုးမွေးမြူရေးနှင့် စက်မှုသင်တန်းကျောင်းများ ဖွင့်လှစ်ရန်လိုအပ်သဖြင့် ခရိုင်များကိုအခြေခံ၍ စိုက်ပျိုးမွေးမြူရေးသိပ္ပံနှင့် ကျောင်းများဖွင့်လှစ်ရန် ဆောင်ရွက်လျက်ရှိကြောင်း။
- စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် စိုက်ဧကများတိုးချဲ့ခြင်းထက် တစ်ဧက အထွက်နှုန်းတိုးတက်ရေးကို ဦးစားပေးဆောင်ရွက်ရန်လိုကြောင်း၊ ရှိပြီးသား မြေအရင်းအမြစ်များပေါ်တွင် သီးထပ်၊ သီးညှပ်များ စိုက်ပျိုးနိုင်မည်ဆိုပါက ယခုထက် အထွက်နှုန်းများ ပိုမိုတိုးတက်ကောင်းမွန်လာမည်ဖြစ်ကြောင်း။
- မိမိတို့နိုင်ငံမှထွက်ရှိသည့် ရေထွက်ကုန်ပစ္စည်းများကိုလည်း ပြည်ပနိုင်ငံများသို့ နှစ်စဉ် တင်ပို့ရောင်းချလျက်ရှိသဖြင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း ငါး၊ ပုစွန်မွေးမြူရေး လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ကြစေလိုကြောင်း။
- ဒေသတွင်းစက်မှုလုပ်ငန်းများ တိုးတက်အောင်ဆောင်ရွက်ခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းများတိုးတက်လာမည်ဖြစ်ပြီး ပြည်ပသို့သွားရောက် အလုပ်လုပ်ကိုင်မှုများ နည်းပါးလာမည်ဖြစ်ကြောင်း။
- လုပ်ငန်းများဆောင်ရွက်ရာတွင် ဖွံ့ဖြိုးရေး၊ စီးပွားရေးနှင့် ကြီးပွားရေးလုပ်ငန်းများအတွက် အချို့ကို မိရိုးဖလာလုပ်ဆောင်မှုများမှ ဖောက်ထွက်၍ ဆောင်ရွက်ရန် စဉ်းစားရမည်ဖြစ်ပြီး အစွဲအလမ်းများမထားဘဲ ကောင်းမွန်မည်ဟုထင်ပါကပြောင်းလဲ ဆောင်ရွက်သင့်ကြောင်း။
- အစိုးရတစ်ရပ်သည် ပြည်သူများ၏ ယုံကြည်မှုရှိရန်၊ ပြည်သူမှအားကိုးသည့် အစိုးရဖြစ်ရန် လိုကြောင်း၊ ပြောသည့်အတိုင်းဖြစ်အောင်လုပ်ရန်လိုကြောင်း၊ မိမိတို့သည် နိုင်ငံရေးလုပ်နေခြင်း မဟုတ်ဘဲ နိုင်ငံတိုးတက်ရေးအတွက် နိုင်ငံ၏အကျိုးကို စီမံခန့် ခွဲဆောင်ရွက်နေခြင်းဖြစ်ကြောင်း။
- နိုင်ငံ့ဝန်ထမ်းများအနေဖြင့် မိမိတို့ကျရာတာဝန်များကို နိုင်ငံ့ကောင်းရာကောင်းကျိုးအတွက် ကြိုးပမ်းဆောင်ရွက်သွားကြရေး နိုင်ငံ့အကြီးအကဲတစ်ယောက်ဟူသည်ထက် ဝန်ထမ်းအကြီးအကဲတစ်ယောက်အဖြစ်ဖြင့် ဂုဏ်ယူစွာတိုက်တွန်းလိုကြောင်းဖြင့် မှာကြားခဲ့။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပုသိမ်ပြည်သူ့ဆေးရုံကြီး (၉)ထပ် တိုးချဲ့ဆောင် ဆောက်လုပ်ခြင်းလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာတာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြားဖြည့်ဆည်းပေးခဲ့ကြောင်း၊ ပုသိမ်မြို့ကျက်သရေဆောင် ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီးသို့ သွားရောက်ဖူးမြော်ခဲ့ပြီး အလှူငွေများပေးအပ်လှူ ဒါန်းကာ ဘုရားကြီး ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားဖြည့်ဆည်းပေးခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၅-၇-၂၀၂၂)
- ဧရာဝတီတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ စပါးကျီကြီးတစ်ခုဖြစ်ပြီး လုပ်ငန်းဆောင်ရွက်မှု နယ်ပယ်အသီးသီး၌လည်း ထိပ်ပိုင်းတွင်ရှိနေသည့် နိုင်ငံ့ဂုဏ်ဆောင် တိုင်းဒေသကြီးတစ်ခုဖြစ်။
- ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သည့် မဲစာရင်း မသမာမှုရလာဒ်များကြောင့် မိမိတို့အနေဖြင့် နိုင်ငံတော်၏တာဝန်များကို ခေတ္တတာဝန်ယူဆောင်ရွက်နေရခြင်းဖြစ်ပြီး နိုင်ငံရေးအမြတ်ထုတ်မှုများကြောင့် ဖြစ်ပေါ်ခဲ့ရသည့် အကြမ်းဖက်မှုဖြစ်စဉ်များကို တရားဥပဒေနှင့်အညီတတ်နိုင်သမျှ ထိန်းသိမ်းဆောင်ရွက်ခဲ့။
- ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) အတိုင်းသာ လျှောက်လှမ်းနေခြင်းဖြစ်သဖြင့် ဥပဒေနှင့်အညီသာ ဆက်လက်လျှောက်လှမ်းရမည်ဖြစ်သကဲ့သို့ လူမျိုးတိုင်း၊ နိုင်ငံတိုင်းအနေဖြင့် Moving Forward ဆိုသည့်အတိုင်း အတိတ်ကို ပြန်လှည့်ကြည့်နေခြင်း၊ ရပ်နေခြင်းမရှိဘဲ ရှေ့ကိုဆက်လက် လျှောက်လှမ်း နေကြခြင်းဖြစ်၍ မိမိတို့နိုင်ငံအနေဖြင့်လည်း ကျန်နေ၍မရကြောင်း၊ Moving Forward ဟူသည့်အတိုင်း အမြဲလျှောက်လှမ်းနေရမည်ဖြစ်။
- မိမိတို့နိုင်ငံတွင် စာတတ်မြောက်မှု ၉၂ ရာခိုင်နှုန်းရှိသည်ဟု ဖော်ပြထားသည်ကို တွေ့ရှိရသော်လည်း အဆိုပါ ၉၂ ရာခိုင်နှုန်းတွင် ရေး/ဖတ် အဆင့်၊ မူလတန်းအဆင့်သာရှိသူ ဦးရေများပြားလျက်ရှိ။
- လုပ်ငန်းများဆောင်ရွက်ရာတွင် ဖွံ့ဖြိုးရေး၊ စီးပွားရေးနှင့် ကြီးပွားရေးလုပ်ငန်းများအတွက် အချို့ကို မိရိုးဖလာလုပ်ဆောင်မှုများမှ ဖောက်ထွက်၍ ဆောင်ရွက်ရန် စဉ်းစားရမည်ဖြစ်ပြီး အစွဲအလမ်းများမထားဘဲ ကောင်းမွန်မည်ဟုထင်ပါကပြောင်းလဲ ဆောင်ရွက်သင့်။
Add new comment