ကောလင်းမြို့နယ်ရှိ အခြေခံပညာမူလတန်းကျောင်းမှ ဆရာနှင့် ဆရာမတို့အား PDF အကြမ်းဖက်သမားများက ဖမ်းဆီးသတ်ဖြတ်

ဇူလိုင်လ ၃ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်၊ သရက်ခုံကျေးရွာနေသူများဖြစ်သည့် မောင်းတော်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းမှ မူလတန်းပြကျောင်းဆရာ ဦးဇော်ဝင်းသိန်း(၄၃)နှစ်နှင့် ၎င်း၏ညီမဖြစ်သည့် သရက်ခုံကျေးရွာ အခြေခံပညာမူလတန်းကျောင်းမှ မူလတန်းပြကျောင်းဆရာမ မဥမ္မာဝင်း (၂၇)နှစ်တို့ ၂ ဦးသည် နေအိမ်၌အတူရှိနေစဉ် PDF အကြမ်းဖက်သမား ၂၀ ဦး ရောက်ရှိလာပြီး ၎င်းတို့ ၂ ဦးအား ဖမ်းဆီးခေါ်ဆောင်သွားပြီး မောင်းသွန်းကုန်း တံတားအနီးအရောက်၌ ဆင်ခြင်တုံတရားမဲ့စွာ  သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရှိရပါသည်။

အလုံးစုံပျက်သုဉ်းရေးလမ်းစဉ်အရ  NUG အကြမ်းဖက်အဖွဲ့များ၏ စေခိုင်းချက်ဖြင့် PDF အကြမ်းဖက်သမားများသည် ကျောင်းသား/ သူများ အေးချမ်းစွာ ပညာသင်ကြားနိုင်ခြင်းမရှိစေရန် စာသင်ကျောင်းများအား လက်လုပ်မိုင်းများဖြင့် တိုက်ခိုက်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်းများအပြင် ပညာရည်မြင့်မားရေးကို ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်၍ CDM မလုပ်သည့် ပညာရေးဝန်ထမ်း ဆရာ/ဆရာမများအား ရက်စက်စွာ အကြောင်းမဲ့ သတ်ဖြတ်မှုကြောင့် ဇူလိုင်လ ၅ ရက်အထိ ဆရာ ၁၇ ဦးနှင့် ဆရာမ ၁၇ ဦးတို့ ရက်စက်စွာ အသတ်ခံရပြီး ဆရာ ၁၃ ဦးနှင့် ဆရာမ ၁၇ ဦးတို့ ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ပြီးဖြစ်ပါသည်။

 ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက် ရှိပါသည်။

  • အကြမ်းဖက်သမားများက ကောလင်းမြို့နယ်ရှိ အခြေခံပညာမူလတန်းကျောင်းမှ မူလတန်း ပြကျောင်းဆရာ၊ ဆရာမ မောင်နှမ ၂ ဦးအား CDM မလုပ်သဖြင့် ဖမ်းဆီး ခေါ်ဆောင်သွားပြီး မောင်းသွန်းကုန်းတံတားအနီးအရောက်၌ ဆင်ခြင်တုံတရားမဲ့စွာ  သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့။

Add new comment