နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးများ၏ အထွဋ်အမြတ်ထားရာ သာသနာပိုင်အဆောက်အဦများ၊ ဘုန်းတော်ကြီးကျောင်းများကို အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်ခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်းနှင့် ရဟန်းသံဃာတော်များအား ဖမ်းဆီးခေါ်ဆောင်၍ သတ်ဖြတ်ခြင်းများအား ရက်စက် စွာ ပြုလုပ်နေကြသည်ကို စိတ်နှလုံးညှိုးနွမ်းဖွယ် တွေ့ရှိရပါသည်။
ဇူလိုင်လ ၂ ရက်တွင် မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ ဒေါင်းသာကျေးရွာရှိ သာသနာ့ဝံသဘုန်းကြီးကျောင်းမှ ဆရာတော် ဘဒ္ဒန္တပဝရ သက်တော်(၅၉)နှစ်၊ ဝါတော် (၁၂)ဝါသည် ပေါက်မြို့နယ်၊ လယ်လန်းကျေးရွာသို့ တစ်ပါးတည်းဆိုင်ကယ်ဖြင့် သွားရောက်စဉ် PDF အကြမ်းဖက်သမားများက ဆရာတော်စီးနင်းလာသည့် မော်တော်ဆိုင်ကယ်ကို တားဆီး၍ ဆရာတော်အား အကြောင်းမဲ့ဖမ်းဆီးကာ ကျားပစ်ကန်ကျေးရွာဘက်သို့ ခေါ်ဆောင်သွားခဲ့ပြီး ဆရာတော်၏လည်ပင်းအား ဓားဖြင့် ရက်စက်စွာခုတ်ခဲ့သဖြင့် ဆရာတော်သည် အခင်းဖြစ်နေရာ၌ ပျံလွန်တော်မူခဲ့ကြောင်း သိရှိရပါသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၄ ရက်အထိ အကြမ်းဖက်သမားများ၏ အကြောင်းမဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် နိုင်ငံတော်အတွင်း သံဃာတော်စုစုပေါင်း (၅၀) ပါးနှင့် သီလရှင် (၁) ပါးတို့သေဆုံးခဲ့ပြီး သံဃာတော်စုစုပေါင်း (၂၀) ပါးနှင့် သီလရှင် (၁) ပါးတို့ ဒဏ်ရာရရှိခဲ့ပါသည်။ အထက်ပါ ဖြစ်စဉ်မှ သံဃာတော်အား ဖမ်းဆီးခေါ်ဆောင်သတ်ဖြတ်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးနိုင်ရေး ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။
- PDF အကြမ်းဖက်သမားများက ပေါက်မြို့နယ်၊ ဒေါင်းသာကျေးရွာရှိ သာသနာ့ဝံသဘုန်းကြီးကျောင်းမှ ဆရာတော် ဘဒ္ဒန္တပဝရ သက်တော်(၅၉)နှစ်၊ ဝါတော် (၁၂)ဝါအား အကြောင်းမဲ့ဖမ်းဆီးခေါ်ဆောင်ကာ ဆရာတော်၏လည်ပင်းအား ဓားဖြင့် ရက်စက်စွာခုတ်ခဲ့သဖြင့် ဆရာတော်သည် အခင်းဖြစ်နေရာ၌ ပျံလွန် တော်မူခဲ့။
- ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၄ ရက်အထိ အကြမ်းဖက်သမားများ၏ အကြောင်းမဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် နိုင်ငံတော်အတွင်း သံဃာတော်စုစုပေါင်း (၅၀) ပါးနှင့် သီလရှင် (၁) ပါးတို့ သေဆုံးခဲ့ပြီး သံဃာတော်စုစုပေါင်း (၂၀) ပါးနှင့် သီလရှင် (၁) ပါးတို့ ဒဏ်ရာရရှိခဲ့။
Add new comment