နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနန္တသုခ(၅)ထပ် ဓမ္မဗိမာန်ကျောင်းတော်ကြီး ကျောင်းလွှတ်ပူဇာဖွင့်ပွဲသို့ တက်ရောက်ဖွင့်လှစ်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကမ္ဘာအေးဘုရားလမ်း၊ ဓမ္မစကြာရိပ်သာကျောင်းတိုက်ရှိ အနန္တ သုခ(၅)ထပ် ဓမ္မဗိမာန်ကျောင်းတော်ကြီး ကျောင်းလွှတ်ပူဇာဖွင့်ပွဲသို့ ဇူလိုင်လ ၃ ရက် တွင် တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါသည်။

 အဆိုပါ အခမ်းအနားသို့ ဗန်းမော်ဆရာတော်ဘုရားကြီး အမှူးပြုသည့် ဆရာတော်၊ သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဇနီး ဒေါ်ကြူကြူလှ၊ မိသားစုဝင်များနှင့်အတူ ခရီးစဉ်တွင် လိုက်ပါလာသည့်အဖွဲ့ဝင်များနှင့် ဇနီးများ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်ဇနီး၊ မြို့တော်ဝန်နှင့်ဇနီး၊ အလှူရှင်များနှင့်  တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အနန္တသုခ (၅)ထပ် ဓမ္မဗိမာန်ကျောင်းတော်ကြီး ကမ္ဗည်းမော်ကွန်းကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးခဲ့ပြီး ကျောင်းတော်ကြီး ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပူဇော်ခဲ့ကာ တက်ရောက်လာကြသူများက ဆရာတော်အရှင်သူမြတ်များ ရွတ်ပွား ချီးမြှင့်တော်မူသော ပရိတ်တရားတော်များကို နာယူကြည်ညိုခဲ့ကြပါသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့က ဗန်းမော်ဆရာတော်ဘုရားကြီးထံသို့ လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်း၍ နိုင်ငံတော်ဝန်ကြီးချုပ်၏ မိသားစုဝင်များ၊ အလှူရှင်များနှင့် တက်ရောက်လာကြသူများက ဆရာတော်၊ သံဃာတော်များကို လှူဖွယ်ပစ္စည်းများ အသီးသီး ဆက် ကပ်လှူဒါန်းခဲ့ကြပြီးနောက် ဓမ္မဗိမာန်ကျောင်းတော်ကြီးကို လှည့်လည်ကြည့်ရှုကြပြီး  ဆရာတော်အရှင်သူမြတ်များကို နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။

အဆိုပါ အနန္တသုခ(၅)ထပ် ဓမ္မဗိမာန်ကျောင်းတော်ကြီးကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အမှူးပြုသည့် ကျောင်းဒါယကာ၊ ဒါယိကာမများက ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၁၂ ရက်တွင် ပန္နက်တော်တင်မင်္ဂလာအခမ်းအနားပြုလုပ်၍ လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း၊ အလျား ၁၀၈ ပေ၊ အနံ ၄၅ ပေ ရှိ (၅) ထပ် ကျောင်းတော်ကြီးမှာ ဘဒ္ဒန္တအာဝုဓ၊ ပဓာနနာယက ဓမ္မစကြာရိပ်သာဆရာတော်အား အမှူးထား၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး အမှူးပြုသော တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများ၊ အဂ္ဂမဟာသီရိသုဓမ္မ မဏိဇောတဓရ ကျောင်းဒါယကာ ဒေါက်တာသာရင်မြတ်၊ ဇနီး သီဟသုဓမ္မသိင်္ဂီ လူမှုထူးချွန် ကျောင်းဒါယိကာမ ဒေါ်နွယ်နွယ်အေးနှင့် မိသားစုဝင်များက မတည်လှူဒါန်းပြီး Four River Myanmar Co.,ltd အမေရိကန်ကုမ္ပဏီမိသားစုနှင့် စေတနာရှင်အလှူရှင်များ စုပေါင်း၍ ငွေကျပ်သိန်းပေါင်း တစ်သောင်းကျော် အကုန်အကျခံ တည်ဆောက်လှူဒါန်း ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အနန္တသုခ (၅) ထပ် ဓမ္မဗိမာန်ကျောင်းတော်ကြီး ကမ္ဗည်းမော်ကွန်းကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးခဲ့ပြီး ကျောင်းတော်ကြီး ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပူဇော်ခဲ့။
  • အနန္တသုခ () ထပ် ဓမ္မဗိမာန်ကျောင်းတော်ကြီးကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အမှူးပြုသည့် ကျောင်းဒါယကာ၊ ဒါယိကာမများက ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၁၂ ရက်တွင် ပန္နက်တော်တင်မင်္ဂလာအခမ်းအနားပြုလုပ်၍ လှူဒါန်းခဲ့ခြင်းဖြစ်။

Add new comment