လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်သည် ဒီဇင်ဘာ ၃၀ ရက်တွင် နေပြည်တော်ရှိ အဆိုပါ ဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး မစ္စတာချန်းဟိုင်အား လက်ခံတွေ့ဆုံ၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရက လှူဒါန်းသော အမေရိကန်ဒေါ်လာ သုံးသိန်းအား လက်ခံရယူခဲ့ပါသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးနှင့် တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက -
· ယခုလက်ခံရရှိသည့် လှူဒါန်းငွေကို ကချင်ပြည်နယ်အတွင်း ရှိ IDPs စခန်းများမှ အမျိုးသမီးဦးဆောင်သော အိမ်ထောင် စုများကို သက်မွေးပညာရပ်များ သင်ကြားပေးပြီး မတည် ရင်းနှီးငွေပေးအပ်ခြင်း၊ ကချင်ပြည်နယ်အတွင်းရှိ မြို့နယ်များမှ ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များအား နေပြည်တော်တွင် သဘာဝဘေးတုံ့ပြန် ရေးသင်တန်းဖွင့်လှစ်ပို့ချပေးခြင်းနှင့် မြစ်ကြီးနားမြို့၊ ငွေ ပျော်စံပြကျေးရွာရှိ မူလတန်းကြိုကျောင်း အားကစားကွင်း ဆောက်လုပ်ပေးခြင်း စသည့် လုပ်ငန်းများတွင် အသုံးပြုသွားရန် လျာထားကြောင်း။
· ရှေ့လုပ်ငန်းစဉ်များတွင်လည်း နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး၊ လူမှုသဟဇာတဖြစ်ရေးလုပ်ငန်းများ၊ နေ ပြည်တော်တွင် လူမှုရေးပညာတက္ကသိုလ်တည်ထောင်ဖွင့်လှစ်နိုင်ရေးနှင့် လူမှုကာကွယ်စောင့်ရှောက်ရေးအရင်း အမြစ်ဗဟိုဌာနတည်ထောင်ဖွင့်လှစ်နိုင်ရေး လုပ်ငန်းများကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံ အမတ်ကြီးက -
· ယခုလှူဒါန်းမှုသည် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှုများအတွက် နှစ်စဉ်အမေရိကန်ဒေါ်လာ တစ်သန်း လှူဒါန်းမှု၏ အစိတ်အပိုင်းဖြစ်ပြီး ယခုအကြိမ်သည် (၆) ကြိမ်မြောက်ဖြစ်ကြောင်း၊
· ငြိမ်းချမ်းရေး၊ လူသားချင်းစာနာထောက်ထားရေး၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် မြန်မာနိုင်ငံမြောက်ပိုင်းရှိ နေ ရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးလုပ်ငန်းစဉ်များ တွင် အထောက်အကူပြုနိုင်ရန်ဖြစ်ကြောင်း ပြောကြားခဲ့။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရကိုယ်စား မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီးအား ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
- လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရက လှူဒါန်းသော အမေရိကန်ဒေါ်လာ သုံးသိန်း အား လက်ခံရယူခဲ့။
- အဆိုပါလှူဒါန်းငွေကို နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး၊ လူမှုသဟဇာတဖြစ်ရေးလုပ်ငန်းများ၊ နေပြည်တော်တွင် လူမှုရေးပညာတက္ကသိုလ် တည်ထောင်ဖွင့်လှစ်နိုင်ရေးနှင့် လူမှုကာကွယ်စောင့်ရှောက်ရေး အရင်းအမြစ်ဗဟိုဌာန တည်ထောင်ဖွင့်လှစ်နိုင်ရေးလုပ်ငန်းများကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်။
- ယခုလှူဒါန်းမှုသည် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှုများအတွက် နှစ်စဉ် အမေရိကန်ဒေါ်လာ တစ်သန်း လှူဒါန်းမှု၏ အစိတ်အပိုင်းဖြစ်ပြီး ယခုအကြိမ်သည် (၆) ကြိမ်မြောက်ဖြစ်။