မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားကို ဇူလိုင်လ ၃ ရက်တွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ကျင်းပခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ကိုယ်စား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းက Video Message ဖြင့် အဖွင့်မိန့်ခွန်းပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသမီးအခွင့်အရေးမြှင့်တင်ဖော်ဆောင်မှုနှင့် အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် အကြမ်းဖက်ခံရမှု တားဆီး ကာကွယ်ရေးဆိုင်ရာ ဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြခဲ့ပါသည်။

ထို့နောက် ကဏ္ဍအလိုက် ထူးချွန်အမျိုးသမီးများအား ဆုချီးမြှင့်ရာ ထူးချွန်အမျိုးသမီး တပ်မတော်(ကြည်း) အရာရှိ ၂ ဦး၊ ထူးချွန်အမျိုးသမီးရဲမေ ၁ ဦး၊ ထူးချွန်အမျိုးသမီးကြက်ခြေနီ ၁ ဦး၊ ထူးချွန်အမျိုးသမီး မသန်စွမ်း ၁ ဦး၊ (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရရှိခဲ့သည့် ထူးချွန် အမျိုးသမီးအားကစားသမား  ၇ ဦး၊ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် တစ်နိုင်ငံလုံးရှိ (သိပ္ပံ၊ ဝိဇ္ဇာ၊ ဝိပ္ပံ) ဘာသာတွဲများ၌ အမှတ်အများဆုံးရရှိခဲ့သည့် ကျောင်းသူ ၃ ဦး၊ ရိုးရာပွဲတက်ဝတ်စုံချုပ်ပြိုင်ပွဲတွင် ဆုရရှိသည့် လူမှုဝန်ထမ်းဦးစီးဌာန၊ ပုသိမ်မြို့အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်ကျောင်းမှ အမျိုးသမီးဝန်ထမ်း ၃ ဦးတို့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ပြည်ထောင်စုဝန်ကြီးများ၏ဇနီးများ၊ ဒုတိယဝန်ကြီးများနှင့် နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးတို့က ဆုတံဆိပ်များ အသီးသီး ပေးအပ် ချီးမြှင့်ခဲ့ကြကြောင်း သိရှိရပါသည်။

  • မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားကို ဇူလိုင်လ ၃ ရက်တွင် ကျင်းပခဲ့ရာ အမျိုးသမီးဝန်ထမ်းများ၊ အမျိုးသမီးအားကစားများနှင့် ကျောင်းသူများ စသည့် ထူးချွန်သည့်အမျိုးသမီးစုစုပေါင်း ၁၈ ဦးတို့အား ဆုများအသီးသီးချီးမြှင့်ခဲ့။

 

 

 

 

Add new comment