ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော် ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိတို့ နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေး

မြန်မာနိုင်ငံ ပုဂံမြို့တွင် ကျင်းပသည့် (၇) ကြိမ်မြောက် မဲခေါင်-လန်ချန်း နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကာလအတွင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိတို့သည် ဇူလိုင်လ ၃ ရက်တွင် မြန်မာ-တရုတ် နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးပွဲ ကျင်းပခဲ့ပါသည်။

နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးပွဲ၌-

  • မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများကို ဆက်လက်အကောင်အထည်ဖော်သွားရေးနှင့် မြန်မာပညာသင်များ တရုတ်နိုင်ငံသို့ ပြန်လည်ဝင်ရောက်ခွင့်ရရှိရေး။
  • နှစ်နိုင်ငံနယ်စပ်ဒေသတစ်လျှောက် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းရေးနှင့် နှစ်နိုင်ငံနယ်စပ်ဂိတ်များ၌ ကုန်သွယ်မှုချောမွေ့စေရေး ဆက်လက်ပူးပေါင်းဆောင်ရွက်ရေး။
  • ဒေသတွင်းနှင့် နိုင်ငံတကာရေးရာကိစ္စရပ်များ အထူးသဖြင့် ကုလသမဂ္ဂနှင့် အာဆီယံတွင် နှစ်နိုင်ငံအကြား ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေးဆိုင်ရာကိစ္စရပ်များ။
  • အာဆီယံ၏ ပြည်တွင်းရေး ဝင်ရောက်စွက်ဖက်မှုမပြုရေးမူဝါဒနှင့် အာဆီယံပဋိညာဉ်၊ အခြေခံမူများကိုအခြေခံကာ အာဆီယံတူညီဆန္ဒ (၅) ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့။
  • ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ နောက်ဆုံးနိုင်ငံရေးဖြစ်ပေါ် တိုးတက်မှုများနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ် အောင်မြင်စွာဖော်ဆောင်နေမှုတို့ကို ရှင်းလင်းပြောကြားခဲ့။

နှစ်နိုင်ငံဆွေးနွေးပွဲအပြီးတွင် နိုင်ငံခြားရေးဝန်ကြီးများ၏ရှေ့မှောက်၌ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ ၂၀၂၂ ခုနှစ် စီမံကိန်းရန်ပုံငွေလွှဲပြောင်းလက်ခံလွှာ၊ စီးပွားရေးနှင့် နည်းပညာပူးပေါင်းဆောင်ရွက်ရေးသဘောတူညီချက်၊ အမှတ်(၂)စက်မှုသင်တန်းကျောင်း(မန္တလေး) အဆင့်မြှင့်တင်ရေးစီမံကိန်း သဘော တူညီချက်၊ တိရစ္ဆာန်ရောဂါရှာဖွေရေးဓာတ်ခွဲခန်း အဆင့်မြှင့်တင်ရေးစီမံကိန်း သဘောတူညီချက်၊ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံမြောက်ပိုင်းဒေသသို့  လှူဒါန်းသည့် ယွမ် ၁၀ ဒသမ ၅ သန်းတန်ဖိုးရှိ အရေးပေါ်ကူးစက်ရောဂါကာကွယ်ရေးအထောက်အပံ့များနှင့် မြန်မာနိုင်ငံသို့လှူဒါန်းသည့် ယွမ် ၃၂  သန်း တန်ဖိုးရှိ အရေးပေါ်ကူးစက် ရောဂါကာကွယ်ရေးအထောက်အပံ့များဆိုင်ရာ လွှဲပြောင်းပေးအပ်/လက်ခံလွှာ၊ အလွယ်တကူ တပ်ဆင်နိုင်သည့် အိမ်အလုံးရေ ၁၀၀၀ လွှဲပြောင်းပေးအပ်/လက်ခံလွှာတို့ကို မြန်မာဘက်မှ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များနှင့် တရုတ်ဘက်မှ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးတို့က လွှဲပြောင်းလက်ခံ လဲ လှယ်ခဲ့ကြောင်း သိရှိရပါသည်။

  • တွေ့ဆုံဆွေးနွေးပွဲတွင် ဒေသတွင်းနှင့် နိုင်ငံတကာရေးရာကိစ္စရပ်များ အထူးသဖြင့် ကုလသမဂ္ဂနှင့် အာဆီယံတွင် နှစ်နိုင်ငံအကြား ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေးဆိုင်ရာကိစ္စရပ်များ၊ အာဆီယံ၏ ပြည်တွင်းရေး ဝင်ရောက်စွက်ဖက်မှုမပြုရေး မူဝါဒနှင့် အာဆီယံပဋိညာဉ်၊ အခြေခံမူများကို အခြေခံ ကာ အာဆီယံတူညီဆန္ဒ(၅)ရပ် ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများအပေါ် အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့။
  • လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ ၂၀၂၂ ခုနှစ် စီမံကိန်းရန်ပုံငွေ လွှဲပြောင်းလက်ခံလွှာ၊ စီးပွားရေးနှင့် နည်းပညာပူးပေါင်းဆောင်ရွက်ရေးသဘောတူညီချက်၊ အမှတ်(၂)စက်မှုသင်တန်းကျောင်း(မန္တလေး) အဆင့်မြှင့်တင်ရေးစီမံကိန်း သဘောတူညီချက်၊ တိရစ္ဆာန်ရောဂါရှာဖွေရေး ဓာတ်ခွဲခန်း အဆင့်မြှင့်တင်ရေးစီမံကိန်း သဘောတူညီချက်၊ ယွမ် ၁၀ ဒသမ ၅ သန်းတန်ဖိုးရှိ အရေးပေါ်ကူးစက်ရောဂါ ကာကွယ်ရေးအထောက်အပံ့များနှင့် ယွမ် ၃၂  သန်း တန်ဖိုးရှိ အရေးပေါ်ကူးစက်ရောဂါကာကွယ်ရေးအထောက်အပံ့များဆိုင်ရာ လွှဲပြောင်းပေးအပ်/လက်ခံလွှာ၊ အလွယ်တကူ တပ်ဆင် နိုင်သည့် အိမ်အလုံးရေ ၁၀၀၀ လွှဲပြောင်းပေးအပ်/လက်ခံလွှာတို့ကို လွှဲပြောင်းလက်ခံလဲလှယ်ခဲ့။

Add new comment