မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ကိုယ်စား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း မိန့်ခွန်းပြောကြား

၂၀၂၂ ခုနှစ်၊ ဇူလိုင်လ (၃) ရက်တွင် ကျရောက်သည့် မြန်မာအမျိုးသမီးများနေ့တွင်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ကိုယ်စား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း မိန့်ခွန်းပြောကြားခဲ့ရာတွင်-

  • အမျိုးသမီးများနေ့နှင့်ပတ်သက်၍ ၂၀၂၂ ခုနှစ်၊ မတ်လ (၈) ရက်တွင် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အခမ်းအနားကို “စဉ်ဆက်မပြတ်တိုးတက်ဖို့၊ ကျား၊ မ တန်းတူညီမျှစို့” (Gender equality today for a sustainable tomorrow) ဆောင်ပုဒ်နဲ့အညီ အခြားနိုင်ငံများနည်းတူ မြန်မာနိုင်ငံတွင်လည်း ကျင်းပ ခဲ့ကြောင်း။
  • မြန်မာအမျိုးသမီးများနေ့သည် ၁၉၉၅ ခုနှစ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဘေဂျင်းမြို့၌ ကျင်းပခဲ့သည့် စတုတ္ထအကြိမ်မြောက် ကမ္ဘာ့အမျိုးသမီးညီလာခံမှ စတင်ခဲ့သည်ဟု ဆိုရမည်ဖြစ်ကြောင်း။
  • ညီလာခံမှချမှတ်ခဲ့သည့် ဘေဂျင်းကြေညာစာတမ်းအရ နိုင်ငံတော်အစိုးရက မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ အမျိုးသမီးများအားလုံး အမျိုးသားများနဲ့တန်းတူ ကဏ္ဍစုံ လုပ်ငန်းနယ်ပယ်အသီးသီးတွင် ပါဝင်ခွင့်ရရှိစေရေး၊ အမျိုးသမီးများ၏ စွမ်းဆောင်ရည် မြင့်မားရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသမီးများအား အကြမ်းဖက်မှုများမှ တားဆီးကာကွယ်ရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီကို ၁၉၉၆ ခုနှစ်၊ ဇူလိုင်လ (၃) ရက်တွင် ဖွဲ့စည်းခဲ့ပြီး မြန်မာအမျိုးသမီးများနေ့အဖြစ် သတ်မှတ်ခဲ့ကြောင်း။
  • နယ်ပယ်စုံ၊ ကဏ္ဍစုံတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍသည် တစ်နေ့ထက်တစ်နေ့ ပိုမိုတိုးတက် မြင့်မားလာနေတာကို တွေ့မြင်နေရပြီး မျက်မှောက်ကာလတွင်လည်း မြန်မာအမျိုးသမီးများသည် အမျိုးသားများနှင့်ရင်ပေါင်တန်းကာ နယ်ပယ်အသီးသီးတွင် ပါဝင်လျက်ရှိကြောင်း။
  • မြန်မာအမျိုးသမီးများ၏ စွမ်းဆောင်နိုင်မှုကို အသိအမှတ်ပြု အလေးထားဂုဏ်ပြုသည့်အနေဖြင့် “မြန်မာအမျိုးသမီးများနေ့” ကို နိုင်ငံတော်အဆင့်ဂုဏ်ပြုအခမ်းအနားများအား နှစ်စဉ်ကျင်းပပေးနေခြင်းဖြစ်ကြောင်း။
  • ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုအဖြစ် အာဆီယံအမျိုးသမီးကော်မတီ၊  အာဆီယံအမျိုးသမီးနှင့်ကလေးသူငယ်အခွင့်အရေးများ မြှင့်တင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးကော်မရှင်၊ အာဆီယံငြိမ်းချမ်းရေးမှတ်ပုံတင် အမျိုးသမီးကိုယ်စားလှယ် စသည်တို့တွင်လည်း တက်တက်ကြွကြွပါဝင်ဆောင်ရွက်လျက် ရှိကြောင်း။
  • မြန်မာနိုင်ငံအနေဖြင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနှင့်ပတ်သက်၍ လုံးဝလက်မခံသည့် မူဝါဒကို လက်ကိုင်ထားဆောင်ရွက်လျက်ရှိပြီး အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှု ပြယုဂ်တစ်ခုအနေဖြင့် ပဋိပက္ခကာလအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးဆိုင်ရာ ပူးတွဲကြေညာချက် (Joint Communique on Prevention and Response to Conflict Related Sexual Violence) ကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလမှာ ပါဝင်လက်မှတ်ရေးထိုးထားကြောင်း။
  • အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကျူးလွန်သူများအား ထိရောက်သည့် ပြစ်ဒဏ်ပေးနိုင်ရန်အတွက် အကြမ်းဖက်မှုတားဆီးကာကွယ်ရေးဥပဒေ (မူကြမ်း) ကို ရေးဆွဲထားရှိပြီး ပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်နေပြီဖြစ်တဲ့အတွက် အမျိုးသမီးများအရေးကို ပိုမိုကာကွယ်စောင့်ရှောက်နိုင်မည်ဖြစ်ကြောင်း။
  • နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးကဏ္ဍများတွင် အမျိုးသမီးများပါဝင်မှုမှာ ပိုမိုများပြားလာသည်ကိုတွေ့ရပြီး မြန်မာ့တပ်မတော်တွင် ကြည်း၊ ရေ၊ လေ အမျိုးသမီးဗိုလ်လောင်းများ မွေးထုတ်ထားပြီး အမျိုးသားများနဲ့တန်းတူ ရင်ပေါင်တန်း တာဝန်ထမ်းဆောင်နေကြပြီဖြစ်ကြောင်း။  
  • တပ်မတော်ဆေးတက္ကသိုလ်အတွက် အမျိုးသမီးဗိုလ်လောင်းများကိုလည်း ခေါ်ယူလေ့ကျင့်သင်ကြားပေးရန် စီစဉ်လျက်ရှိပြီး ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင်လည်း အမျိုးသမီးရဲတပ်ဖွဲ့ဝင်များသည် အမျိုးသားများနှင့်တန်းတူ ရင်ပေါင်တန်းဆောင်ရွက်လျက်ရှိကြောင်း။
  • သို့ဖြစ်၍ မြန်မာအမျိုးသမီးများနေ့ရောက်တိုင်း ကာကွယ်ရေးဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့အနေဖြင့် ထူးချွန်အမျိုးသမီးများကို နှစ်စဉ်ဆုချီးမြှင့်ပေးသည့် အစီအစဉ်များ ဆောင်ရွက်ပေးလျက်ရှိသည်ကို တွေ့ရကြောင်း။  
  • နိုင်ငံတော်အဆင့် ဦးစားပေးကဏ္ဍများဖြစ်သည့် ငြိမ်းချမ်းရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသမီးများနှင့်အမျိုးသမီးငယ်များအပေါ် အကြမ်းဖက်မှုလျော့နည်းပပျောက်ရေးနှင့် သဘာဝဘေးအန္တရာယ်ကို ခံနိုင်ရည်စွမ်းအား မြင့်မားစေရေးတို့အတွက် အရှိန်အဟုန်နှင့်ဆောင်ရွက်သွားနိုင်ဖို့အတွက် သက်ဆိုင်ရာအဖွဲ့အစည်း များအနေဖြင့် ပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။
  • မြန်မာနိုင်ငံတွင် အသက် ၁၅ နှစ်နှင့်အထက် အမျိုးသားစာတတ်မြောက်မှုနှုန်းမှာ ၉၂.၄ ရာခိုင်နှုန်းရှိပြီး အမျိုးသမီးစာတတ်မြောက်မှုနှုန်းမှာ ၈၆.၃ ရာခိုင်နှုန်းသာရှိသည့်အတွက် အမျိုးသမီးများကို ခေတ်မီပညာရေးသင်ကြားရာမှာ အားပေးဖို့လိုသလို တစ်ဖက်မှာလည်း အိမ်တွင်းမှုလုပ်ငန်းများ အပါအဝင် အသက် မွေးဝမ်းကျောင်း ပညာရပ်များကိုလည်း တိုးမြှင့်သင်ကြားပေးရန်လိုကြောင်း။
  • ကိုဗစ်-၁၉ ကြောင့် စီးပွားရေးအပေါ် အကျိုးသက်ရောက်မှုများကို လျှော့ချနိုင်ရန် ကျေးလက်နေအမျိုးသမီးများ၏ ဝင်ငွေရ တစ်ပိုင်တစ်နိုင်စီးပွားရေးလုပ်ငန်းများ အရှိန်မပျက်ပုံမှန်ရရှိစေရေး၊ ရပ်ဆိုင်းသွားရသည့် အငယ်စားစီးပွားရေးလုပ်ငန်းများ ပြန်လည်စတင်နိုင်ရန်နှင့် ဝင်ငွေမရှိသေးသည့် အမျိုးသမီး များအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးဆောင်ရွက်ပေးရန် သက်ဆိုင်ရာဝန်ကြီးဌာန/အဖွဲ့အစည်း များပူးပေါင်းပါဝင်သည့် ရှေ့ပြေးလုပ်ငန်းစီမံချက်များကိုရေးဆွဲပြီး အကောင်အထည်ဖော်ရေး ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်းမှာကြားခဲ့ပါသည်။

နိဂုံးချုပ်အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က ကျား၊ မ တန်းတူညီမျှမှုရှိရေးနှင့် မြန်မာအမျိုးသမီးများ၏ အခွင့်အရေးများကို ပိုမိုမြှင့်တင်ကာကွယ်စောင့်ရှောက်နိုင်ရေးအတွက် နိုင်ငံတော်အနေဖြင့် ဘက်ပေါင်းစုံက ကြိုးပမ်းဆောင်ရွက်လျက်ရှိသလို အမျိုးသမီးထုကြီးနှင့် အဖွဲ့အစည်း များကလည်း သက်ဆိုင်ရာကဏ္ဍအသီးသီးမှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားခဲ့ပြီး မြန်မာအမျိုးသမီးများနေ့တွင် မြန်မာအမျိုးသမီးထုကြီး တစ်ရပ်လုံးသာမက မြန်မာနိုင်ငံသားများအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေကြောင်း၊ ရောဂါဘယဘေးအပေါင်းကလည်း ကင်းဝေးကြပါစေဟု ဆုတောင်းမေတ္တာပို့သခဲ့ကြောင်း သိရှိရပါသည်။

  • နယ်ပယ်စုံ၊ ကဏ္ဍစုံတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍသည် တစ်နေ့ထက်တစ်နေ့ ပိုမိုတိုးတက် မြင့်မားလာနေတာကို တွေ့မြင်နေရပြီး မျက်မှောက်ကာလတွင်လည်း မြန်မာအမျိုးသမီးများသည် အမျိုးသားများနှင့်ရင်ပေါင်တန်းကာ နယ်ပယ်အသီးသီးတွင် ပါဝင်လျက်ရှိ။
  • ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုအဖြစ် အာဆီယံအမျိုးသမီးကော်မတီ  အာဆီယံအမျိုးသမီးနှင့်ကလေးသူငယ်အခွင့်အရေးများ မြှင့်တင်ရေးနှင့် ကာကွယ်စောင့်ရှောက် ရေးကော်မရှင် အာဆီယံငြိမ်းချမ်းရေးမှတ်ပုံတင် အမျိုးသမီးကိုယ်စားလှယ် စသည်တို့တွင်လည်း တက်တက်ကြွကြွပါဝင်ဆောင်ရွက် လျက်ရှိ။
  • အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကျူးလွန်သူများအား ထိရောက်သည့် ပြစ်ဒဏ်ပေးနိုင်ရန်အတွက် အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဥပဒေ (မူကြမ်း) ကို ရေးဆွဲထားရှိပြီး ပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်နေပြီဖြစ်တဲ့အတွက် အမျိုးသမီးများအရေးကို ပိုမိုကာကွယ်စောင့်ရှောက်နိုင်မည်ဖြစ်။
  • နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးကဏ္ဍများတွင် အမျိုးသမီးများပါဝင်မှုမှာ ပိုမိုများပြားလာသည်ကိုတွေ့ရပြီး မြန်မာ့တပ်မတော်တွင် ကြည်း၊ ရေ၊ လေ အမျိုးသမီးဗိုလ်လောင်းများ မွေးထုတ်ထားပြီး အမျိုးသားများနဲ့တန်းတူ ရင်ပေါင်တန်းတာဝန်ထမ်းဆောင်နေကြပြီဖြစ်။  
  • တပ်မတော်ဆေးတက္ကသိုလ်အတွက် အမျိုးသမီးဗိုလ်လောင်းများကိုလည်း ခေါ်ယူလေ့ကျင့်သင်ကြားပေးရန် စီစဉ်လျက်ရှိပြီး ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တွင်လည်း အမျိုးသမီးရဲတပ်ဖွဲ့ဝင်များသည် အမျိုးသားများနှင့်တန်းတူ ရင်ပေါင်တန်းဆောင်ရွက်လျက်ရှိ။
  • မြန်မာနိုင်ငံတွင် အသက် ၁၅ နှစ်နှင့်အထက် အမျိုးသားစာတတ်မြောက်မှုနှုန်းမှာ ၉၂.၄ ရာခိုင်နှုန်းရှိပြီး အမျိုးသမီးစာတတ်မြောက်မှုနှုန်းမှာ ၈၆.၃ ရာခိုင်နှုန်းသာရှိသည့်အတွက် အမျိုးသမီးများကို ခေတ်မီပညာရေးသင်ကြားရာမှာ အားပေးဖို့လိုသလို တစ်ဖက်မှာလည်း အိမ်တွင်းမှုလုပ်ငန်းများ အပါအဝင် အသက်မွေးဝမ်းကျောင်းပညာရပ်များကိုလည်း တိုးမြှင့်သင်ကြားပေးရန်လို။

Add new comment