PDF အကြမ်းဖက်သမားများက ပညာမဲ့လူတန်းစားများ ဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ ပညာရေးကဏ္ဍမြင့်မားရေးကို နှောင့်ယှက်ဖျက်ဆီး

လူငယ်၊လူရွယ်များ၏ အနာဂတ်ပညာရည်မြင့်မားရေးအတွက် စာသင်ကျောင်းများဖွင့်လှစ်၍ သင်ကြားပေးလျက်ရှိသည်ကို လိုလားမှုမရှိသည့် နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် ပညာရေးဆိုင်ရာရုံးဌာနများနှင့် စာသင်ကျောင်းများကို မိုင်းထောင်ဖောက်ခွဲခြင်းများ၊ လက်ပစ်ဗုံး/လက်လုပ်မိုင်းများ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ဖောက်ခွဲခြင်းများပြုလုပ်လျက်ရှိသည့်အပြင် ဆရာ၊ ဆရာမများနှင့် ပညာရေးဝန်ထမ်းများအား အကြမ်းဖက်ခြိမ်းခြောက်ခြင်း၊ ရက်စက်စွာသတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည်ကိုတွေ့ရှိရပါသည်။ ဇူလိုင်လ ၁ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၌-

  •   စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ်၊ ကျီကုန်းကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်း ပင်မအဆောင်၏အနောက်ဘက် ပေ ၅၀ ခန့်အကွာရှိ အသုံးပြုခြင်းမရှိသည့် သွပ်မိုး၊ ထရံကာကျောင်းဆောင်အဟောင်းအတွင်း၌ အကြမ်းဖက်သမားများက လက်လုပ်မိုင်းတစ်လုံးထောင်ကာဖောက်ခွဲခဲ့။
  •   ဖောင်းပြင်မြို့နယ်၊ သရောင်းကျေးရွာနေ အခြေခံပညာအလယ်တန်းကျောင်းမှ အလယ်တန်းပြကျောင်းဆရာဖြစ်သူ ဦးနေစိုး (၃၈) နှစ်သည် ဇွန်လ ၃၀ ရက်နေ့ နံနက်ပိုင်းက ဖောင်းပြင်မြို့ပညာရေးမှူးရုံးသို့ အစည်းအဝေးတက်ရောက်ရန်ထွက်ခွာသွားရာမှ ကျေးရွာသို့ ပြန်လည်ရောက်ရှိလာခြင်းမရှိသဖြင့် လိုက်လံ ရှာဖွေခဲ့ရာ အင်ဝိုင်းကျေးရွာ သုသာန်အနီး၌ လည်ပင်းထိုးသွင်း၊ ပြတ်ရှဒဏ်ရာ ၃ ချက်ဖြင့် အကြမ်းဖက်သမားများ၏ ရက်စက်စွာသတ်ဖြတ်ခြင်းခံထားရသည်ကို တွေ့ရှိခဲ့။

ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်းသိရှိရပါသည်။    

  • ဖောင်းပြင်မြို့နယ်၊ သရောင်းကျေးရွာနေ အခြေခံပညာအလယ်တန်းကျောင်းမှ အလယ်တန်းပြကျောင်းဆရာဖြစ်သူ ဦးနေစိုး (၃၈) နှစ်အား အင်ဝိုင်းကျေးရွာ သုသာန်အနီး၌ လည်ပင်းထိုးသွင်း၊ ပြတ်ရှဒဏ်ရာ ၃ ချက်ဖြင့် အကြမ်းဖက်သမားများ၏ ရက်စက်စွာသတ်ဖြတ်ခြင်းခံထားရကို တွေ့ရှိခဲ့။

Add new comment