တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး HE Mr. Wang Yi ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့ (၇)ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့တက်ရောက်ရန် မြန်မာနိုင်ငံသို့ရောက်ရှိ

မြန်မာနိုင်ငံက ပူးတွဲဥက္ကဋ္ဌအဖြစ်တာဝန်ယူလျက် အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် (၇) ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့တက်ရောက်ရန်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Wang Yi ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဇူလိုင်လ ၂ ရက်တွင် အထူးလေယာဉ်ဖြင့် ညောင်ဦးလေဆိပ်သို့ရောက်ရှိလာခဲ့ရာ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးအောင်၊ သံတမန်ရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဝဏ္ဏဟန်နှင့် သက်ဆိုင်ရာတာဝန်ရှိသူတို့က လေဆိပ်၌ ကြိုဆိုခဲ့ကြပါသည်။

ထို့နာက် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Wang Yi နှင့်အတူ (၇)ကြိမ်မြောက် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို ပူးတွဲဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

  • (၇) ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့တက်ရောက်ရန်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Wang Yi ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဇူလိုင်လ ၂ ရက်တွင် အထူးလေယာဉ်ဖြင့် ညောင်ဦးလေဆိပ်သို့ ရောက်ရှိခဲ့။
  • ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် (၇) ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို ပူးတွဲဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်။

Add new comment