နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း ပင်မသိုလှောင်ဖြန့်ဖြူးရေးဌာနကြီး၊ ရန်ကုန်(ဓနိတော)သို့ ကြည့်ရှုစစ်ဆေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တာဝန်ရှိသူများလိုက်ပါ၍ ဇူလိုင်လ ၂ ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်ရှိ စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း ပင်မသိုလှောင်ဖြန့်ဖြူးရေးဌာနကြီး၊ ရန်ကုန်(ဓနိတော)သို့ သွား ရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

အစည်းအဝေးခန်းမတွင် တာဝန်ရှိသူများက ပင်မသိုလှောင်ဖြန့်ဖြူးရေးဌာနကြီး၏ သိုလှောင်နိုင်မှုအခြေအနေများ၊ မြန်မာ့မီးရထားမှသိုလှောင်ကန်များနှင့် ဆိပ်ခံဘောတံတားငှားရမ်းသုံးစွဲခဲ့မှုအခြေအနေများ၊  မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဝန်ထမ်းအိမ်ရာများဆောက်လုပ်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က  ဆိပ်ကမ်းနယ်မြေဖြစ်၍ စနစ်တကျရှိစေရေးနှင့် လိုအပ်သည်များကိုမှာကြားခဲ့ပြီး ဆီသိုလှောင်ကန်များနှင့် ဆိပ်ခံတံတားတို့အားကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် တာဝန်ရှိသူများလိုက်ပါ၍ ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်ရှိ စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း ပင်မသိုလှောင်ဖြန့်ဖြူးရေးဌာနကြီး၊ ရန်ကုန် (ဓနိတော)သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့။

Add new comment